"Yoo Jeongyeon!!!!!"
"Tr. Tae ကလည်း ဖြည်းဖြည်းအော်ပါ😞😞"
"နင့်ရဲ့ အပြစ်ကဖြည်းဖြည်းအော်စရာလား???
ကြည့်စမ်း အမှတ်တွေကို😡😡"Taeyeon ဒေါသထွက်ကာ ဖိုင်တွဲတစ်ခုကို📁
Yoo Jeongyeon ဆီကို ချပေးလိုက်သည်။
ဒေါသဘယ်လောက်ထွက်နေသလဲဆိုတာ
မျက်နှာတစ်ခုလုံးနီရဲကာ အမြဲပြုံးနေတတ်တဲ့
နှုတ်ခမ်းလေးက အခုတော့ တင်းတင်းစေ့ထားသည်။Yoo Jeongyeon ကတော့Taeyeon
ထိုသို့ဖြစ်နေသည်ကို ကြောက်သည်မပြောနဲ့။
မျက်နှာမှာ စိုးထိတ်နေတဲ့ အမူအရာတောင်
မတွေ့ရ။
ထိုသို့သော အပြုအမူတွေက သူ့အတွက်
ရိုးနေပြီလေ။ဖိုင်တွဲကို လှန်ကာကြည့်လိုက်သည်။
Korea_ 13 မှတ်
English_ 25 မှတ်
Maths _ 27 မှတ်
Chem_ 14 မှတ်
Phys_ 28 မှတ်
Bio _ 30 မှတ်
(လျှောက်ရေးထားတာမို့ မှားသွားရင် မီးအားနည်း)တစ်ဘာသာမှ အောင်တယ်ဆိုတာမရှိ။
အောင်ရင် Yoo Jeongyeon တို့ ရာဇဝင်
ရိုင်းသွားမှာပေါ့။
အခုလို လပတ်တွေမှာ မအောင်ပေမဲ့
နောက်ဆုံးစာမေးပွဲမှာတော့ အောင်သား။
အောင်တယ်ဆိုလို့ အမှတ်သွားမမေးနဲ့။
အောင်ရုံလေးတင်ကပ်ပြီး အောင်တာ။"တွေ့လား?? ကိုယ့်အမှတ်ကို 😠😠"
"ဟုတ် တွေ့ပါတယ် 😞😞"
မျက်နှာငယ်လေးနဲ့ လုပ်ပြအုံးမှ။
မဟုတ်ရင် ငါ့ကိုရိုက်ထုတ်လိမ့်မယ်😁😁"ဘာလို့ အောင်အောင်မဖြေတာလဲ???
ဥာဏ်ကောင်းရဲ့သားနဲ့ နင့်ကိုတော့
တစ်ခုခုလုပ်အုံးမှပါ""ဗျာ!! Tr. tae ကျနော်ကို
ဘာလုပ်မှာလဲ???😨""ဂေါက်!!!✊✊"
"ငါလုပ်ရင်တော့ သေတော့မယ်။
ပါးစပ်ပိတ်ထားစမ်း""ဟုတ်ကဲ့!!🤐🤐"
Yoo Jeongyeon ပါးစပ်ကို လက်ဖြင့်
zip ပိတ်သော ပုံစံလုပ်ကာ နေလိုက်သည်။
Tr. Tae ကတော့ ဖုန်းကိုယူကာ
တစ်ယောက်ယောက်နဲ့ စကားပြောနေသည်။"Hello!!ဆရာမ အထက်တန်းတတိယနှစ်
Aခန်းက Im Nayeon ကိုတစ်ချက်လောက်
လွှတ်ပေးပါ ကျွန်မရုံးခန်းကို""ကျေးဇူးတင်ပါတယ်☺☺"
လှပသောအပြုံးလေးကို ချိတ်ဆွဲကာ
ဖုန်းချလိုက်သည်။သို့ပေမဲ့ ထိုအပြုံးလေးက
ကြာကြာမခံပါ။
Jeongyeonဘက်သို့ လှည့်လိုက်သည်နှင့်
တစ်ပြိုင်နက် ချက်ချင်းပင် တည်သွားသည်။
YOU ARE READING
Not Equal{Complete Fic}
Romanceအချစ်ဆိုတာ တူညီဖို့မလိုပါဘူး။ တစ်ယောက်ရဲ့ အချစ်တွေကို... တစ်ယောက်က...... မြင်တတ်ဖို့ပဲလိုတာ.... မဟုတ်လား??? twice fanfic... plz vote & comments.... And Thank you for reading my fic...😉😉