"Mo Mo နင်မပြင်သေးဘူးလား???
Mi ဖိတ်ထားတဲ့ဆီကို သွားရတော့မယ်လေ။
ကျောင်းကလည်း အစောကြီးပြန်သွားတယ်။
တကယ်တည်း ဘာတွေဖြစ်နေတာလဲ???🤨🤨""ဘာမှမဖြစ်ပါဘူး။ ခေါင်းနည်းနည်းကိုက်ချင်နေလို့်။
ပြန်သွားတာ နင်တို့ကိုမပြောမိတာ Miyarnae"စောင်ကြီးကိုခေါင်းမြီးခြုံကာ ပြောနေသော
Mo Moကို Sana ခေါင်းတစ်ခါခါနှင့် တအံ့တသြ
ကြည့်လိုက်သည်။ အမြဲလိုလို တက်ကြွနေတတ်တဲ့
သူက အခုလို အိပ်ရာထဲဝင်နေတော့
မထူးဆန်းဘူးလား။"အေး..ခဏနေ သွားမှာ ပြင်ထားလိုက်တော့နော်။
ငါတို့ အောက်မှာ ဆုံမယ်"စောင်ကို ပုတ်ကာ Sana ပြောပြီး ထွက်သွားတော့
Mo Moစောင်ပုံကြားမှ ထလိုက်သည်။ ထို့နောက်
ခေါင်းကိုခါရမ်းကာ အချိန်တစ်ခုကြာသည်အထိ
ထိုင်နေမိသည်။"Knock!!knock!!✊✊"
"Mo Mo ပြီးပြီလား??? ပြီးရင်
အောက်ဆင်းခဲ့တော့နော်။ အောက်မှာလူစုံနေပြီ။
Dahyunတို့လည်း ရောက်နေပြီ""အင်း...ပြီးတော့မယ်။ ခဏစောင့်...
၁၅မိနစ်နေရင် အောက်ဆင်းခဲ့မယ်"Nayeonကို ပြန်ဖြေကာ မျက်နှာသစ်ပြီး
အနွေးထည်လက်ရှည်အဖြူရောင်ကိုသာ
ထပ်ဝတ်ပြီး နောက်က ဂျင်းအနက်လေးကို
ဝတ်လိုက်သည်။ မှန်မှာတစ်ချက်ကြည့်ပြီး
စိတ်မပါစွာဖြင့် ခေါင်းကို လျှောလျှောစည်းကာ
ထွက်လာခဲ့သည်။ လှေကားကိုလည်း
လေးလံသောခြေလှမ်းများဖြင့် ဆင်းလာသည်။"Hyung Mo ဘာဖြစ်နေတာတုန်း....
စိတ်မကြည်ဘူးလား???🙁🙁""ဘာဖြစ်နေမှန်းမသိပါဘူး Dahyunရယ်
ကျောင်းကလည်း အစောကြီးပြန်သွားတယ်။
ပြီးတော့ အိမ်မှာလည်း အိပ်ရာထဲမှာပဲ နေတယ်။""ဘာအဆင်မပြေလို့လဲ??chaeတို့ကိုပြောလေ။
ကူညီနိုင်သလောက် ကူညီပေးမယ်။☺☺☺""ယုန်မ နင်ဘာကိုသွားပြီး ကလေးတွေကို
အပူကပ်နေတာလဲ?? ငါဘာသာ ခေါင်းမူးလို့ပါဆို
သွားမယ်ထကြ ဘာမှမဖြစ်တော့ဘူး😄😄"Nayeonကို ရန်လုပ်ကာ အကုန်လုံးကို
ရီပြလိုက်သည်။ သို့ပေမဲ့ အဲ့အပြုံးက အပြုံးတု
ဆိုတာသာ အကုန်လုံးသိခဲ့ရင်......
YOU ARE READING
Not Equal{Complete Fic}
Romanceအချစ်ဆိုတာ တူညီဖို့မလိုပါဘူး။ တစ်ယောက်ရဲ့ အချစ်တွေကို... တစ်ယောက်က...... မြင်တတ်ဖို့ပဲလိုတာ.... မဟုတ်လား??? twice fanfic... plz vote & comments.... And Thank you for reading my fic...😉😉