His Colour

1.3K 183 40
                                    


.Vezereချိုင့်​ဝှမ်း​တွေဆီ သွားမလားအစ်​ကို..

.​နောက်​ရက်​မှ​ပေါ့..

ကျောက်​တုံး​တွေမညီမညာစီကာခင်းကျင်းထား​သော လမ်းကို​လျှောက်​ခဲ့ကြသည်​....

တစ်​ချိန်​ကချန်း​ယောလ်​ရဲ့ဘဝလဲ ဒီ​ကျောက်​တုံး​တွေ​ပေါ်လမ်း​လျှောက်​​နေရသလို....

ဟန်​ချက်​ညီဖို့ ကြိုးစားခဲ့ရဖူးသည်​....

.အစ်​ကို ဒီမှာ ၂ နှစ်​​နေမယ်​ လို့. ဦးက​ပြောတယ်

်.ဦးဆိုတာ?

.အစ်​ကို့ရဲ့ ဒယ်​ဒီ​လေ...

.ဪ..

ဆယ်​ဟွန်းနဲ့ ဒယ်​ဒီရဲ့ ရင်းနှီးမှုကို ချန်း​ယောလ်​မတိုင်းတာချင်​​သေး.....

.အစ်​ကို ညစာဘာစားမလဲ..

.ကိုယ်​တို့ပီစာပဲ စားကြတာ​ပေါ့..

.ဟုတ်​..အစ်​ကို..

လေ​ပြေညှင်း တိုက်​ခတ်​လာတဲ့အခါ...ဆယ်​ဟွန်းဝတ်​ဆင်​ထားတဲ့ ရှပ်​လိ​မ္မော်​​ရောင်​အနုဟာ..တစ်​ဖျတ်​ဖျတ်​လွင့်​လျှက်​....

နေဝင်​ချိန်​ ပုစွန်​ဆီ​ရောင်​​တောက်​​နေ​သော ​ကောင်းကင်​နှင့်​ ပနံသင့်​စွာ......

နဖူးထက်​​ဝေ့ဝဲ ကျ​နေတဲ့ ဆံစ​တွေဟာ..တစ်​စုံတစ်​​ယောက်​ရဲ့ အ​ပေါ်သို့လှန်​တင်​ထားတတ်​​သော ဆံပင်​​တွေထက်​ နူးညံ့မယ်​ထင်​သည်​.....

အပြုံးတို့ကို​ဖော​ဖောသီသီ​ပေးတတ်​​သော ဒီ​ကောင်​​လေးကို..​အေး​အေးစက်​စက်​လူတစ်​​ယောက်​နဲ့ ဘာလို့များ နှိုင်းယှဉ်​​နေမိမှန်းမသိ.....

၁၂နှစ်​အရွယ်​​ကောင်​​လေးတစ်​​ယောက်​ကို လက်​တွဲကာ..ထို ​ကျောက်​တုံး​တွေ​ပေါ်..​ခြေချ​စေခဲ့တဲ့သူ........

နောက်​ဆုံး​တော့လည်း အ​ရောင်​​ပြောင်းသွားခဲ့တာပဲ.......

ဆယ်​ဟွန်းလည်း....တစ်​ချိန်​အ​ရောင်​​ပြောင်းမှာပဲ.....

.ကိုယ်​တို့ ပြန်​ကြရ​အောင်​ ညီ

.ဟုတ်​..အစ်​ကို

ဆယ်​ဟွန်းသည်​ နာခံလွယ်​​သော ​ကောင်​​ချော​လေးဖြစ်​မည်​.....

No Reaction { ChanHun }(zawgyi & Unicode) Where stories live. Discover now