Jealous?

1.2K 145 16
                                    

တစ်ယောက်နဲ့တစ်ယောက် ရှောင်ပြေးခြင်းတွေမှာ ကျွန်တော်တို့လို လူတချို့က ကျွမ်းကျင်ကြပါတယ်.....

ဥပမာ..ဆယ်ဟွန်း TV ကြည့်နေရင်..ကျွန်တော် အခန်းအောင်းနေတာမျိုးပေါ့

စနေ တနင်္ဂနွေ လိုအားလပ်ရက်တွေမှာ..ဆယ်ဟွန်းက အချိန်ပိုင်းအလုပ်တွေ ရှိနေတတ်တယ်

ပိုက်ဆံရတဲ့ အချိန်ပိုင်းအလုပ်တွေ မဟုတ်ကြောင်းကိုတော့ မကြာသေးခင်ကမှ သိရတာပါပဲ

တစ်လဆိုတဲ့ အချိန်က သိပ်မကြာနိုင်ဘူး...
ကျွန်တော်တို့ကိုလည်း..ပြန်မရင်းနှီးစေနိုင်ဘူး

မနေ့တစ်နေ့ကလိုပဲ ထင်နေတဲ့..အကြောင်းရာက လာဗင်ဒါတွေဆီ သွားခဲ့တဲ့ညနေခင်းက စလို့..စကားမပြောဖြစ်ကြတော့ဘူး...

ဖာသိဖာသာနေကြတယ်..ဆိုတဲ့ စကားရပ်က..ကျွန်တော်တို့..ကြားမှာ..ဆိုင်းဘုတ်လိုပဲ

ဒယ်ဒီနဲ့ဆယ်ဟွန်းရဲ့ ပက်သက်မှုကို..ကျွန်တော် ဂဃနဏ မသိသေး..

ဆယ်ဟွန်းကလည်း..ရှင်းပြခြင်းမရှိ...

ဝန်မခံချင်ပေမယ့်လဲ ကျွန်တော် ဆယ်ဟွန်းနဲ့ ပြန်စကားပြောလိုသည်...

သူမှားလား..ကျွန်တော်မှားလား..မရေရာတဲ့ စကားဝိုင်းကြောင့်...ကျွန်တော်တို့ ကျောခိုင်းနေကြဆဲ....

အငယ်ဖြစ်တဲ့ သူက ကျွန်တော့်ကို စကားစပြောသင့်တယ်လို့..တွေးမိသည်...

ဒါပေမယ့် ကျွန်တော်..စကားမပြောလေတိုင်း အကြီးဖြစ်တဲ့ အဲ့ဒီလူက စပြောခဲ့လေတာပဲလေ....

ချန်းယောလ်..ဘာတွေနှိုင်းယှဉ်ပြန်ပြီလဲ....

ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း....ရေချိုးရန်ပြင်ဆင်လိုက်သည်....

ခါးတွင်..သဘက်ပတ်နေခိုက်..သီးသန့်မြည်လာတဲ့ တီးလုံးက..လူကို စက္ကန့်ပိုင်းမျှ ငြိမ်သက်သွားစေသည်....

တလကျော်မှ ပထမဆုံးဆက်သွယ်လာတာ....

ပထမဆုံးဖုန်းခေါ်ဆိုမှုဟာ..ကိုင်သူမဲ့စွာ..တိတ်ဆိတ်သွားပြန်သည်..

ထပ်မံပေါ်ထွက်လာတဲ့..သီးသန့်..ခေါ်ဆိုမှု..

တည်ငြိမ်အေးစက်မှုကို အရေခွံခြုံလို့..answer နှိပ်၍...

No Reaction { ChanHun }(zawgyi & Unicode) Where stories live. Discover now