Zawgyi
studio ခန်းတစ်ခုအတွင်း..လွင့်ပျံနေသည့်..
သီချင်းသံသဲ့သဲ့..။အသံသည်..ချိုမြခြင်းတစ်ချို့နဲ့အတူ သြရှရှဖြစ်ခြင်းတစ်ချို့ ပါ
ရောယှက်ကာ စွဲမက်ဖွယ်ကောင်းလွန်းသည်..။
သံစဉ် နဲ့အတူ လိုက်ဖက်စွာ သီဆိုနေသည်မှာ..
အသက်မရှုတမ်း နားထောင်ဖို့ထိုက်တန်လွန်းသည်..။အသံအနိမ့်အမြင့်..အဖြတ်အတောက် ကိုကြည့်ခြင်း
အားဖြင့်..ကျွမ်းကျင်ပညာရှင်အဆင့်ဆိုတာ..
ယုံမှားသံသယရှိစရာမလို..။
အရှေ့တည့်တည့်က ထိုင်ကြည့်နေမည်ဆိုရင်..
အာရုံသေချာစူးစိုက်ပြီး သီဆိုနေသည့် ဟန်ပန်တစ်ခုကိုလဲ
လေးနက်စွာ မြင်တွေ့နိုင်သည်..။ထို့အတူ...
ငွေမှင်ရောင် ဆံနွယ်တွေနဲ့ လိုက်ဖက်သည့်
မျက်နှာချောချောတစ်ခုနဲ့အတူ..
နှုတ်ခမ်းထောင့်အပေါ်က မှဲ့နက်ကလေးတစ်ပွင့်ရဲ့
လှပမှုကိုပါ..တစ်ပါတည်းတွေ့မြင်နိုင်မည် ဖြစ်သည်..။ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုတွေကို..
သူတစ်ဦးတည်းရရှိထားလေသလားလို့..သံသယရှိရအောင်ပင်..
ကောင်းမွန်တဲ့အသံ..
ကောင်းမွန်တဲ့ ရုပ်ရည်ရူပကာကို..
ပိုင်ဆိုင်ထားတဲ့လူသားလေး...။သီချင်းသီဆိုနေဟန်က...မြင်ရသူကို ပိုင်ဆိုင်လိုချင်စိတ်
တွေ ပေါက်စေသည်..။"သီချင်းလေးကကောင်းသားပဲ.."
"ဟုတ်ကဲ့..ကျေးဇူးပါ..ဥက္ကဌ.."
သီချင်းအလယ်လောက်ကတည်းက..studioထဲ
ရောက်နေသည့် အမျိုးသမီးကြီးဆီကနေ
ချီူကျူးစကားသံထွက်လာတဲ့အခါ..
ငွေမှင်ရောင်လေးက အပြုံးချိုချိုလေးနဲ့..
ကျေးဇူးစကားဆိုလေသည်..။နေ့လည်စာသွားစားဖို့ဆိုပြီး အမျိုးသမီးကြီးကို..
နှုတ်ဆက်စကားဆိုကာ..studioထဲက
ထွက်ရန်ဟန်ပြင်လိုက်တော့...
အမျိုးသမီးဆီကနေ စကားသံထပ်ထွက်လာသည်..။

YOU ARE READING
Because He is Byun Baek Hyun ( Zawgyi + Unicode )
Romanceကောင်းကင်လိုလူမျိုး ကြယ်ပွင့်လို လူစား မင်းကငါ့အတွက်အရာရာပဲ Baek Hyun.. CV by Asuna Park..