Zawgyi
တိတ်ဆိတ်ငြိမ်သက်သော ညအချိန်..
တိတ်ဆိတ်ငြိမ်သက်သော..ဆိတ်ငြိမ်ရပ်ကွက်ကျယ်ကြီးအတွင်းက အိမ်တစ်အိမ်ရှေ့...။နောက်ဆုံးပေါ်ကားတစ်စီးက ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့
ဆိုက်ရောက်လာခဲ့သည်...။စောစောတုန်းက အိမ်ရှေ့မှာ ဘယ်သူမှရှိမနေဘူးလို့
ထင်ခဲ့ပေမယ့်..
ကားဆိုက်ရောက်သည်နဲ့တစ်ပြိုင်နက်...
အိမ်ရှေ့ခြံစည်းရိုးရှေ့နားမှာ..
အရိပ်လေးတစ်ခုက လှုပ်လှုပ်ရွရွဖြစ်လာသည်..။မကြာလိုက်..။
ကားစက်သတ်လိုက်ပြီးတဲ့နောက်မှာ...ကားပေါ်ကနေ
လူတစ်ယောက်ခပ်မြန်မြန်ဆင်းလာပြီးထိုအရိပ်လေးရှိရာ
ခြေလှမ်းကျဲကြီးတွေနဲ့ ချဉ်းကပ်သွားသည်..။"အာ..!
omma မြင်သွားဦးမယ်..ဘယ်လိုဖြစ်နေတာလဲ..?""omma က ထမင်းပြင်နေတယ်မလား..
မတွေ့ပါဘူးကွာ..""ထမင်းဝိုင်းကြီးထားပစ်ခဲ့ပြီး အပေါ်ထပ်ကနေ
ချောင်းကြည့်ချင်ကြည့်နေမှာပေါ့.."အရိပ်ကလေးဆီကနေ ငြူစူသံထွက်နေပေမယ့်..
ဘေးနားကလူဆီကတော့..
ရယ်သံခပ်တိုးတိုးထွက်လာကာ
ထိုအရိပ်ကလေးနဲ့ထပ်တူကျသွားလောက်တဲ့အထိ..တစ်နည်း..
ထိုအရိပ်ကလေးရဲ့ နှုတ်ခမ်းပါးပါးရှိနေရာကို..
အားပါးတရမွှေးကြူလိုက်သည်...။တစ်နေ့လုံးလွမ်းနေခဲ့ရတာတွေအတွက်..အလွမ်းပြေတဲ့လေ....။
အရိပ်ကလေးကတော့..
မကြိုက်ချင်ယောင်ဆောင်ပြီးရင်ခွင်ကျယ်ကြီးကို
လက်သီးဆုပ်တွေနဲ့ထုရိုက်နေပေမယ့်လို့..
နှုတ်ခမ်းသားတွေကတော့ပြုံးယောင်သန်းပြီး..
ချွေးနံ့တွေရောယှက်နေတဲ့သူ့ချစ်သူရဲ့ ကိုယ်သင်းရနံ့
တစ်ချို့ကို အားပါးတရနဲ့ရှူရှိုက်ရင်း..
အနမ်းဖွဖွတွေကို လက်သင့်ခံလိုက်တယ်တဲ့လေ...။
KAMU SEDANG MEMBACA
Because He is Byun Baek Hyun ( Zawgyi + Unicode )
Romansaကောင်းကင်လိုလူမျိုး ကြယ်ပွင့်လို လူစား မင်းကငါ့အတွက်အရာရာပဲ Baek Hyun.. CV by Asuna Park..