Zawgyi
မနက်မိုးလင်းတာနဲ့ ဘေးမှာ ငြိမ်းငြိမ်းချမ်းချမ်း
အိပ်မောကျနေသည့် လူသားလေးကို
မြင်တွေ့ရတာ ဒီနောက်ပိုင်း
ကျွန်တော့်အတွက် ပျော်ရွှင်မှုတစ်ခုလိုဖြစ်လာသည်...။သေးငယ်ပေမယ့် လှပတဲ့မျက်ဝန်းတစ်စုံ..
ဖြောင့်စင်းနေသည့်နှာတံလှလှ..
ပိရိသေသပ်သည့်နှုတ်ခမ်းသားတွေနဲ့
ဖြူဖွေးနေသည့်ပါးပြင်လေးနှစ်ဖက်ကို ပိုင်ဆိုင်ထားသည့်
ဤလူသားငယ်သည်..ကျွန်တော့်အချစ်တွေကို
သိမ်းကြုံးယူနိုင်ပါစေဆိုသည့် ဆုတောင်းနဲ့ပြည့်စုံသ
လားထင်ရလောက်အောင်ပင်..
ကျွန်တော့်ရင်ထဲက အချစ်တွေကိုသူတစ်ယောက်တည်း
သိမ်းကြုံးယူဆောင်ထားသည်..။ဒါပေမယ့်သူကတော့အခုထိ..ကျွန်တော့်ကိုမယုံကြည်သေး..။
ထားပါ...။
နောက်တော့တစ်ဖြည်းဖြည်း ယုံကြည်သွားပါလိမ့်မယ်..။"တစ်ကယ် ..တစ်စိမ့်စိမ့်ကြည့်နေဖို့ကောင်းတာပဲ.."
ကျွန်တော့်ဘက် လှည့်အိပ်နေတာမို့..မျက်နှာချောချောလေးရဲ့အလှအပကို ရှုစားဖို့အခွင့်အရေးက
အပြည့်အ၀ရနေသည်..။မျက်ဝန်းလေးတွေကို မှိတ်ချထားပြီးအပူအပင်မရှိ
အိပ်စက်နေလိုက်တာများ..
ပြန်ပေးဆွဲခံနေရတယ်ဆိုတာကို လုံးလုံးကြီးမေ့ထား
သည့်ပုံပင်...။အသက်ရှူသံလေးတွေကအစ ...အပိုင်သိမ်းထား
ချင်စိတ်တွေပေါက်လာအောင် ဘယ်လိုများပြုစားလေသလဲ..။လူတစ်ကာကိုစွဲလန်းတတ်အောင်ပြုစားခဲ့တဲ့..
ကျွန်တော်လဲ..သူနဲ့မှရူးဆိုသလို...
Byun Baek Hyun နဲ့တွေ့မှ...
ဆယ်ကျော်သက်တစ်ယောက်လိုရင်တွေခုန်နေရသည်..။ချစ်မြတ်နိုးစွာနဲ့ နှုတ်ခမ်းထက်က မှဲ့နက်ကလေးကို
အသာတို့ကြည့်နေတုန်း..မျက်လုံးလေးတွေ
ပွင့်ကျလာတော့..
သူသဘောကျမယ်လို့ထင်ရတဲ့အပြုံးတစ်ပွင့်နဲ့အတူ..
မနက်ခင်းကို ကြိုဆိုဖြစ်လိုက်သည်..။
YOU ARE READING
Because He is Byun Baek Hyun ( Zawgyi + Unicode )
Romanceကောင်းကင်လိုလူမျိုး ကြယ်ပွင့်လို လူစား မင်းကငါ့အတွက်အရာရာပဲ Baek Hyun.. CV by Asuna Park..