P.13...

5.5K 768 23
                                    

Zawgyi

လူသူကင်း​ဝေးသည့်​​နေရာ..
စိမ်းစိမ်းစိုစိုမြက်​ပင်​များ ​ပေါက်​​ရောက်​​နေပြီဖြစ်​သည့်​..
အုတ်​ဂူမို့မို့ ..

တိတ်​ဆိတ်​​နေ​သော အ​ခြေအ​နေတစ်​ခုသည်​..
လွမ်း​မောဖွယ်​​ကောင်း​နေသည်​...။

ဤအ​နေအထားကို လွန်​ခဲ့သည့်​နှစ်​ပိုင်းတစ်​ချို့က
ကျွန်​​တော်​ကိုယ်​တိုင်​ဖန်​တီးယူထားခဲ့ခြင်းဖြစ်​သည်​..။

သူမသိပ်​ကြိုက်​သည့်​ ချယ်​ရီပန်းပင်​ကြီး​အောက်​မှာ..
ငြိမ်းချမ်းစွာ​နေရမည်​ကို သ​ဘောကျ​လောက်​မည်​လို့
တထစ်​ချမှတ်​ယူပြီး ..ထိုအချိန်​က ၀မ်းနည်းခြင်းကြီးစွာဖြင့်​ သူမရုပ်​ကလပ်​ကို မြှပ်​နှံခဲ့သည်​..။

အဲ့ဒီတုန်ူးက​တော့ သူမ​သေဆုံးသွားတာကို
မယုံနိုင်​ခြင်းကြီးစွာနှင့်​ သည်​​နေရာကိုလာတိုင်း
ဝမ်းနည်းရသည်​..။

အခုလဲ...။

အင်း..အ​ကြောင်းအရာ​ပြောင်းလဲသွား​ပေမယ့်​လဲ..
ဝမ်းနည်းရမြဲပါပဲ​လေ..။

"မင်းထက်​ချစ်​ရမယ့်​လူ​တွေ့​နေပြီထင်​တယ်​..
ကိုယ်​..တစ်​ကယ်​​တောင်းပန်​ပါတယ်​.."

အုတ်​ဂူမို့မို့​ရှေ့မှာ..ဒူးနှစ်​ဖက်​​ထောက်​ချပြီး
တောင်းပန်​လွှာကို ရိုကျိုးစွာတင်​သွင်းလိုက်​​ပေမယ့်​လို့..
အားနာ​နေမိတာ​တွေက တစ်​စက်​​လေးမှ ​လျော့ကျမသွား..။

လူဆိုတာ ​ပြောင်းလဲတတ်​ကြတဲ့အမျိုးမှန်း
သူမနားလည်​သ​ဘော​ပေါက်​မည်​ဆိုတာ..
သိ​ပေမယ့်​လို့...

သူမအသက်​ရှင်​စဉ်​တုန်းက​တော့..သူမမရှိရင်​​သေရပါ​တော့မယ်​ လို့ ဟစ်​​ကြွေးခဲ့သည့်​လူက..
သူမအသက်​မရှိ​တော့တဲ့​နောက်​ပိုင်းကစကာ..

သူမအတွက်​ တစ်​စုံတစ်​​ယောက်​ကို လက်​စား​ချေဖို့ဆိုပြီး
ချဉ်းကပ်​ခဲ့ရာက​နေ အဲ့ဒီတစ်​စုံတစ်​​ယောက်​ကို
သူမထက်​ပိုချစ်​မိသွားခဲ့သည်​ဆိုရင်​..။

ဖြစ်​ပျက်​ခဲ့သမျှ​တွေက ကျိန်​စာ​တွေပဲလား..။

တစ်​ချိန်​တစ်​ခါက..ကိုယ့်​အ​ပေါ်မှာ အစ်​ကိုအရင်းလိုပဲ
သ​ဘောထားမှန်းသိသိရက်​နဲ့ အတင်းမရအရသူမအနား
ချဉ်းကပ်​ကာစိတ်​အ​နှောင့်​အယှက်​​ပေးမိခဲ့သည်​..။

Because He is Byun Baek Hyun ( Zawgyi + Unicode )Where stories live. Discover now