A Travel Love Story

2.1K 106 22
                                    

{Zawgyi}

"ပြွမ်​ပြွမ်​"

ဟုတ်ပါသည်၊ နောက်ဆုံးတော့ရောက်လာခဲ့ပြီ။ကျွန်တော်တို့ ရဲ့ကားပါ ၊ ကားနံပါတ်တိုက် ကြည့်တော့လည်းတူနေသည်။ ထိုကားကို စောင့်နေသောခရီးသည် များလည်း ကားပေါ်သို့တက်ကြသည်။ ကားကလည်း ၁၀မိနစ်လောက်နောက်ကျနေသောကြောင့် ၁နာရီလောက် စောရောက်နေသော ကျွန်တော့အတွက် တော်တော် စောင့်လိုက်ရသည်။ အောင်မဂ်လာ အဝေးပြေးကားဂိတ်ကြီးတွင် ကားကြီးများအတန်းလိုက် ဖြေးဖြေးချင်းရွေ့နေကြသောကြောင့်လား၊ နှေးကွေးနေကြသည်။ လူတွေကတော့ ယောက်ယက်ခတ်နေကြသည်။ ကျွန်တော်လည်း တန်းစီ၍ ကျွန်တော့်လွယ်အိတ်နှင့် ကားပေါ်သို့တက်ခဲ့သည်၊ လက်ဆွဲအိတ်တော့ ကားဝမ်းထဲတွင်ထားခဲ့သည်။ ကျွန်တော့ခုံနံပါတ်မှာ ၂၁ဖြစ်သည်၊ ကားမမူးအောင်လည်း အလယ်နားတွင်ဝယ်လိုက်ခြင်း ဖြစ်သည်။ မူးတတ်၍ တော့လည်းမဟုတ်၊ စိုးရိမ်ပြီး ဝယ်လိုက်ခြင်းဖြစ်သည်။ ကျွန်တော့အိတ်ကို ခြေထောက်ရှေ့တွင်ပင် နေရာချလိုက်သည်။

ကျွန်တော့ခုံမှာ မှန်နှင့်ကပ်ရက် ရှုခင်းကြည့်၍ရသည်။ ကျွန်တော့အရှေ့၆ခုံမှာ မိသားစုဖြစ်ဟန်တူသည်၊

"ဖက်ခ်" ကလေးများကိုတွေ့၍စိတ်ညစ်သွားသည်။ ကလေးကလဲ ၂ယောက်တောင်၊ ၆နှစ်အရွယ်လောက်တစ်ယောက်၊ ရင်ခွင်ပိုက်တစ်ယောက်။ သူတို့အော်ငိုနေလျင် ကျွန်တော်အိပ်ရမည်မဟုတ်၊ ခရီးသွားတဲ့ feel လဲပျက်မည်၊ ကျွန်တော်က အရာရာကို feel ထည့်တတ်သည်။ ကလေးမချစ်၍တော့ မဟုတ်၊ ခရီးသွားနေတုန်းမို့ဖြစ်သည်။ အရှေ့မျက်စောင်းထိုးခုံတွင် ကောင်မလေးနှစ်ယောက်၊ ကျွန်တော့်ထက်ငယ်မည့်ပုံရသည်။ ကျွန်တော်တက်ကတည်းက သူတို့ကိုမကြည့်သွား၊ ကြည့်မိလျှင်အထင်လွဲနေအုန်းမည်။ ကျွန်တော့ဘေး ဟိုဘက်ခြမ်းတွင် ဝဝဖိုင့်ဖိုင့်လူကြီးတစ်ယောက်နှင့် ၁၁နှင့်အရွယ်ကလေးတစ်ယောက်၊ ထိုလူကြီးအိပ်လျှင်ဟောက်မည် ဟုကျွန်တော်လောင်းရဲသည်။ ကျွန်တော့ကခုံတွင်တော့လူမရှိ၊ မရောက်လာသေး။

ကျွန်တော်တစ်ယောက်ထဲ ခရီးထွက်လာခြင်းဖြစ်သည်။ မန္တလေးဆီသို့ ပါ...ဩော် မန္တလေးရွှေမြို့တော်။ ငယ်ငယ်ကတော့တစ်ခေါက်ရောက်ဖူးသည်။ သိပ်မမှတ်မိ၊ ကျုံးရယ် နန်းတော်ရယ် ထိုးမုန့်ရယ်ပဲ မှတ်မိသည်။ ကျွန်တော့်အကြောင်း ပြောရအုန်းမယ်။ ကျွန်တော်က ၁၈နှစ် အင်ဂျင်နီယာ civilကျောင်းသားပါ၊ သန်လျင် TUက။ စာမေးပွဲလဲပြီး ဧပြီလအစ သက်ြန်မရောက်ခင် ခရီးသွားမကြပ်ခင် တစ်ယောက်ထဲထွက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်က တစ်ယောက်ထဲခရီးထွက်ရတာ ဝါသနာပါသည်။ ဒါဒုတိယတစ်ခေါက်၊ အရင်က ပဲခူးဘဲသွားဖူးသည်။ ကျွန်တော်က ဓာတ်ပုံရိုက် ဝါသနာပါသည်။ ရိုက်ပြီး social media ပေါ်တင်သည်၊ ပြိုင်ပွဲတွေဝင်ပြိုင်သည်၊ ရိုက်တာ၁နှစ်လောက်ပဲရှိသေး၍ ဘာမှတော့ဆုမရ၊ professional လဲမဟုတ်။ လှလျှင်ရိုက်သည်၊ ကြိုက်လျှင်ရိုက်သည်၊ မှတ်တမ်းတင်ချင်လည်း ရိုက်သည်၊ ခရီးသွားလျှင်ရိုက်သည်၊ ထို့ကြောင့်ခရီးများများ သွားချင်သည်။ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ဟဲဟဲဟဲ...

A Travel Love Story {Complete!!!}Where stories live. Discover now