Part 3

485 62 4
                                    

Yoongi အိမ်ပြန်ရောက်တော့သူချစ်တဲ့သူ့ကလေးလေးကသူ့ကိုအပြေးအလွှားလာကြိုတယ်လေ
တစ်နေ့လုံးပင်ပန်းခဲ့သမျှတွေကသူ့မျက်နှာလေးမြင်လိုက်ရရုံနဲ့ပိန်းကြာရွက်ပေါ်ရေမတင်သလိုအမောတွေပြေပျောက်သွားရတယ်

Jimin:Hyung ပင်ပန်းလာလား

Yoongi:အင်း..အစကတော့ပင်ပန်းလာတယ် ဒါပေမယ့်အခု ကို့အချစ်မျက်နှာလေးမြင်လိုက်ရတော့ပင်ပန်းထားသမျှတွေအကုန်ပျောက်သွားပြီ

Jimin:ဟွန့်....ပိုပြီ

Yoongi:မပိုပါဘူးကွာတကယ်ပြောတာပါ အခုနေဂျယ်လီချိုချိုလေးစားလိုက်ရရင်ပိုတောင်အမောပြေသွားဦးမယ်

Jimin:ဂျယ်လီ...

Yoongi:ဟုတ်တယ်လေ ဒီချစ်ဖို့ကောင်းတဲ့ကလေးလေးရဲ့နှုတ်ခမ်းလေးက ကို့အတွက်တော့အရသာအရှိဆုံးဂျယ်လီလေးပဲ

Yoongi အဲ့လိုပြောလိုက်တော့Jiminမျက်နှာလေးရဲပြီးအောက်ငုံ့သွားတယ်
Yoongiအောက်ငုံ့သွားတဲ့Jiminမျက်နှာလေးကိုဆွဲယူလိုက်ပြီး နှုတ်ခမ်းလေးတွေကိုတရစ်ပြီးတရစ်စားသုံးနေတာ Jiminလက်သေးသေးနဲ့ရင်ဘတ်ကိုထုတော့မှလွှတ်ပေးမိတယ်

Jimin:Hyung ရေသွားချိုးတော့လေ ကျွန်တော်ညစာချက်ထားတယ် အတူတူစားကြမယ်

Yoongi:အင်း ခနစောင့်နော်အချစ်လေး

Yoongiရေချိုးပြီးအောက်ဆင်းလာတော့ မီးဖိုချောင်မှာမှိန်မှိန်လေးထွန်းထားပြီး ထမင်းစားပွဲပေါ်မှာဖယောင်းတိုင်တွေထွန်းပြီးအလှဆင်ထားတာကိုတွေ့တော့အံ့သြသွားတယ်

Jimin:Supriseပါ Hyung

Yoongi:အချစ်လေးဒီနေ့ကဘာနေ့မို့လို့လဲ

Jimin:ဘာနေ့မှမဟုတ်ပါဘူး သက်သက်Hyungပင်ပန်းလာလို့ အမောပြေသွားအောင် Suprise လေးလုပ်ပေးတာ

Yoongi Jiminကိုဆွဲပြီးဖက်လိုက်တယ်

Yoongi:အရမ်းချစ်တယ်နော်ကို့ကလေးလေး

Jimin:ကျွန်တော်လဲHyungကိုအရမ်းချစ်တယ်

Yoongi သူ့ကလေးလေးကိုမြတ်နိုးစွာကြည့်လိုက်တယ် ဒီကလေးလေးဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ ကလေးလေးရှိနေတာဟာသူ့ဘဝအတွက်တော့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲလို့သူယုံကြည်ထားတယ် သူကလေးကိုဘယ်တော့မှမုန်းဖို့မပြောနဲ့ ဒေါသထွက်ဖို့တောင်မစဉ်းစားခဲ့မိဘူး သူ့ကလေးလေးလုပ်သမျှအရာတိုင်းဟာလည်းသူ့မျက်စိထဲမှာအရမ်းကိုချစ်ဖို့ကောင်းနေတယ်လေ

Jimin:Hyung စားကြမယ်လေ တော်ကြာPastaတွေအေးကုန်ဦးမယ်

Yoongi:အင်းစားကြတာပေါ့

Jiminနဲ့Yoongiလဲတယောက်မျက်နှာတယောက်ကြည့်ပြီးစားနေကြတာလောကကြီးကိုတောင်မေ့ပြီးပျော်ရွှင်နေကြတယ်

စားပြီးတော့Jiminကလဲသူ့ဝတ္ထုကိုဆက်ရေးနေပြီး
Yoongiကလဲရုံးကအလုပ်တွေလုပ်နေလိုက်တယ်

At 11pm

Yoongi:ကလေးလေးမအိပ်သေးဘူးလား

Jimin:Hyungရောအိပ်တော့မှာလား Hyungအိပ်ရင်ကျွန်တော်လဲအိပ်တော့မယ်

Yoongi:အင်း အိပ်ကြမယ်လေ

YoongiလဲJiminကိုယ် လေးကိုပွေ့ပြီးအိပ်ရာထဲခေါ်လာခဲ့တယ် အိပ်ရာပေါ်ငြင်သာစွာချပြီး နှုတ်ခမ်းလေးတွေကိုအပိုင်သိမ်းနေမိတယ် Jiminလဲအလိုက်သင့်လေးပြန်တုံ့ပြန်ပြီး Yoongiရဲ့ခါးကိုဖက်ထားရင်းနဲ့ အချစ်ဆိပ်ရည်တွေတဖြည်းဖြည်းတက်လာပြီး အဆင့်တွေအဆင့်တွေတိုးရင်း အချစ်ညလေးကိုအတူတူကုန်ဆုံးခဲ့တယ် 😎😎😎

Yoongi ဒီနေ့ရုံးကိုဝန်ထမ်းအသစ်လာမှာဆိုတော့စောစောလေးသွားဖို့ပြင်ဆင်နေတယ်
Jimin:Hyungအစောကြီးသွားတော့မလို့လား

Yoongi:အင်းဟုတ်တယ် ဒီနေ့ရုံးကိုဝန်ထမ်းအသစ်လာမှာမို့လို့စောစောသွားမလို့ ကလေးရောဒီနေ့ဘယ်သွားစရာရှိလဲ

Jimin:ကျွန်တော်ဒီနေ့ ဝတ္ထုလေးပြီးပြီမို့လို့သွားပို့မလို့

Yoongi:ဟုတ်လား အဲ့တာဆိုသေချာဂရုစိုက်သွားနော်

Jimin:ဟုတ်Hyungလဲကားကိုဂရုစိုက်မောင်းသွားနော် တာ့တာ

YoongiလဲJiminနဖူးလေးကို နမ်းပြီးတာ့တာပြရင်းအလုပ်ကိုထွက်လာခဲ့တယ်

Jiminလဲစာမူသွားပို့ဖို့အတွက်ရေမိုးချိုးပြီးပြင်ဆင်လိုက်တယ်

အဆုံးမဲ့ချစ်ခြင်းWhere stories live. Discover now