"အား.....ကျွတ် ကျွတ်"
Yoongi အိပ်ရာကနိုးလာတော့ခေါင်းတွေအရမ်းကိုက်နေတယ် မျက်လုံးတောင်မဖွင့်နိုင်လောက်အောင် ခေါင်းကကိုက်နေတာကြောင့်အသာပြန်မှိန်းနေလိုက်တယ်
ခနနေနည်းနည်းသက်သာလာတော့မှမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့မျက်နှာကျက်အဖြူကိုမြင်လိုက်ရတာနဲ့ဆေးရုံရောက်နေမှန်းသိလိုက်ရတယ် ဘေးဘီဝဲယာကိုကြည့်လိုက်တော့လဲဘယ်သူ့မှမတွေ့ရဘူး ဘယ်သူကများသူ့ကိုဆေးရုံပို့ပေးခဲ့တာလဲ ကလေးလား ဟုတ်တယ်သူညကကလေးကိုတွေ့ခဲ့တယ်လေ ကလေးကိုလက်လှမ်းလိုက်တဲ့အချိန်မှာသူသတိလစ်သွားတာ အခုကလေးဘယ်ရောက်သွားပြီလဲ သူ့ကိုထားသွားပြန်ပြီလား ပြန်လာပါကလေးရယ် ကိုမင်းကိုအရမ်းလွမ်းနေပြီ
ထိုစဉ်အခန်းထဲသို့Kim Tae Tae ဝင်လာပြီး
"Oppa သတိရပြီလား"
"မင်းဘယ်လိုလုပ်ဒီရောက်နေတာလဲ"
"Oppa မမှတ်မိဘူးလား ညကTae Oppa ဖုန်းကိုဆက်လို့မရလို့စိတ်ပူပြီးလိုက်လာတာလေ Taeကိုလဲမြင်ရော Oppaသတိလစ်သွားလို့ဆေးရုံကိုခေါ်လာတာ"
"အော်.....ကျေးဇူး"
ဒါဆိုညကသူမြင်ခဲ့တာကလေးမဟုတ်ဘူးပေါ့Taeပေါ့ ကလေးရယ်ကို့မှာအချိန်တိုင်းနေရာတိုင်းမင်းကိုပဲမြင်နေမိတာ
"ဒါနဲ့ဆရာဝန်ကပြောတယ် Oppaဆယ်ရက်လောက်အနားယူရမယ်တဲ့ အဲ့တာTaeလဲလက်ထပ်မယ့်ရက်ကိုခနနောက်ဆုတ်ထားလိုက်တယ် Oppaနေကောင်းလာမှပြန်ပြီးရက်သတ်မှတ်ဖို့လူကြီးတွေကိုလဲပြောထားတယ်"
"အင်း....ကျေးဇူး"
"ရပါတယ် Oppa ရယ်ဒါတွေပြောစရာမလိုပါဘူး Tae နားလည်ပါတယ် Tae Oppaစားဖို့တခုတခုသွားဝယ်ပေးမယ်လေ Oppa ဘာစားချင်လဲ"
"ရပါတယ် ဘာပဲဖြစ်ဖြစ်ပါ မင်းကိုလဲအားနာတယ်"
"အားနာစရာမလိုပါဘူး ဒါဆိုTae သွားဝယ်လိုက်ဦးမယ် ခနစောင့်နော်"
Yoongi Tae ကိုကြည့်ပြီးအားနာနေမိတယ် သူအရင်ကတော့အမြင်ကပ်ခဲ့ပေမယ် အခုတော့အားနာနေရတယ် သူကအပြစ်လုပ်ခဲ့တာကိုKim Tae Taeကသူ့ကိုအကုန်အနစ်နာခံပေးနေတယ်လေ သူကလေးကိုရှာချင်တယ်ဆိုတော့လည်းသူသည်းခံပြီးစောင့်ပေးရှာတယ် သူ့မိဘတွေကပြောတာကိုတောင်သူကကို့ဘက်ကနေပြီးကာကွယ်ပေးခဲ့တယ် ကျွန်တော်ကလေးကိုရှာဖို့မင်္ဂလာဆောင်ကိုရက်ရွှေ့တယ်ကြားတော့Kim Tae မိဘတွေသူ့ကိုတော်တော်စိတ်ဆိုးခဲ့တယ် Kim Taeကြားကဝင်ပြီးသူ့ဘက်ကရပ်တည်ပေးတော့မှ သည်းခံပေးခဲ့ကြတာ အခုတော်သူကလူဆိုးကြီးတယောက်ဖြစ်မှန်မသိဖြစ်နေမိပြီလေ ကလေးကိုတွေ့ပြီးသေချာရှင်းပြချင်သေးတယ် ပြီးရင်တော့ Kim Taeကိုလက်ထပ်ဖို့စိတ်ကူးထားတယ် တစ်သက်လုံးသူ့ကိုညီမလေးအဖြစ်စောင့်ရှောက်သွားမယ် အချစ်တွေကတော့ကလေးကိုအကုန်ပေးလိုက်ပြီမို့လို့ မင်းကိုမပေးနိုင်တာခွင့်လွှတ်ပါKim Taeရယ်