♥ကျင်းလင်​ဖူးစာ♥

7.8K 482 29
                                    

ယွင်​မုန်​ကျန်း၏ ဧည့်​ခန်းမ​ဆောင်​​ရှေ့ရှိ လသာ​ဆောင်​တွင်​ စားပွဲ​ပေါ်၌ ဧကရာဇ်​ပြုံးဝင့်​နှစ်​အိုးနှင့်​ ခွက်​က​လေးနှစ်​ခွက်​ထဲတွင်​ ​သေရည်​ငှဲ့ကာ တင်​ထားသည်​။ လ​ရောင်​​ကြောင့်​ ထိုခွက်​များထဲတွင်​ရှိ​သော ​သေရည်​သည်​ ​ငွေမှုန်​​လေးများ ဖြန့်​ကျဲထားသကဲ့သို့ တလက်​လက်​​တောက်​ပ​နေသည်​။

ထိုအချင်းအရာ​ကို ခရမ်း​ရောင်​ဝတ်​စုံဝတ်​ထား​သော အသားဖြူဖြူ​ချော​ချော​ကောင်​​လေးတစ်​​ယောက်​ လ​ရောင်​​အောက်​တွင်​ လက်​​မေး​ထောက်​ကာ ​ငေး​မောကြည့်​ရှု​နေမိ​သော်​လည်း သူ၏စိတ်​အာရုံများသည်​ ထို​သေရည်​ခွက်​များ၌ရှိပုံမရ။

"ဂိုဏ်းချုပ်​.....ဂိုဏ်းချုပ်​"

ထိုအသံ​ကြောင့်​ ကျန်းချန်းတစ်​​ယောက်​ အသိများပြန်​၀င်​လာကာ ​ဘေးသို့ လှည့်​ကြည့်​မိသည်​။ သူ့ဆီသို့ အ​လောတကြီး​ပြေးလာ​သော ​ကောင်း​လေးနှစ်​​ယောက်​ကို မြင်​​တော့

"ဘာကိစ္စလဲ"

"ဟို​လေ....ကူစူးက စာလွှာပါပါတယ်​။ ကျင်းသခင်​​လေး ပြဿနာဖြစ်​တာလားမသိဘူး"

ကျင်းသခင်​​လေးဆိုသည်​နှင့်​ ကျန်းချန်းသည်​ ထိုစာအိတ်​ကိုစပ်​ခနဲဆွဲယူကာ မြန်​မြန်​ဖွင့်​​ဖောက်​ဖတ်​လိုက်​သည်​။

"​တောက်​! လခွမ်းထဲမှဘဲ"

"ဂိုဏ်းချုပ်​ ကျင်းသခင်​​လေ သူဘာများဖြစ်​လို့လဲ"

"ဘာဖြစ်​ရမှာလဲ အမြပြဿနာရှာတဲ့​ကောင်​​လေး
ညဘက်​စည်းကမ်း​ဖောက်​ပြီး အရက်​ထွက်​​သောက်​တာ ပြန်​လာ​တော့​ ​ခြေ​ချော်​ကျပြီး ဒဏ်​ရာရသွားလို့တဲ့ ။ လူတစ်​​ယောက်​လုံး​ခြေ​ခေါ်ကျ​အောင်​ထိ သူတို့ ကူစူးကလမ်း​တွေကို ဘယ်​လိုများလုပ်​ထားတာလဲ။
tsk!"

ကျန်းချန်းသည်​ စတ်​တစ်​ချက်​သပ်​ကာ အ​လောတကြီးပင်​ ကူစူးသို့ ခရီးနှင်​​လေသည်​။

------------------------------
တစ်​ဖက်​တွင်

"အာာာာ::::::::!! နာတယ်​။စစ်​​ကျွေး​ဖြေး​ဖြေးလုပ်​ပါလား! ငါကန်​ချမှာ​နော်​!"

အသက်​ပြန်​ရှင်​လာခြင်း ​လေးနှစ်​​မြောက်​နှစ်​ပတ်​လည်​Where stories live. Discover now