🔮 Ep 1

1K 65 1
                                    

မင်းရဲ့ဆုတောင်းတွေကို နတ်ဆိုးတွေ မကြားမိစေနဲ့

Ep 1

ဘာတွေဖြစ်ကုန်တာလဲ တစ်ယောက်ယောက်လာရှင်းပြစမ်းပါ ဒီမှောင်မဲနေတဲ့ သစ်တောအုပ်ကြီးက ဘာလဲ

မဟုတ်သေးဘူး ဇိုဟန် ခင်ဗျားထွက်ခဲ့ ကျွန်တော့်ကမ္ဘာကို ပြန်ပို့ပေး ဒီမှာ တစ်က္ကန့်တောင် ထပ်မနေချင်ဘူး ဒီမှာ ဆက်နေရမဲ့အစား ကျောင်းမှာပဲ ပျော်ပျော်ကြီး အနိုင်ကျင့်ခံ အရိုက်ခံလိုက်တော့မယ်

သူ့ရဲ့ဘေး နေရာအနှံ့မှာ လေပေါ်ပျံပြေးလွှားနေတဲ့ အရိပ်အငွေ့လိုဟာတွေကို ဂျွန်နင် ကြောက်လန့်တကြားကြည့်နေကာ မအော်ဟစ်မိအောင် ထိန်းနေရတယ် အော်လိုက်ရင် သူ့ရဲ့တည်ရှိမှုကို သတိထားမိသွားပြီး အန္တရာယ်ပေးမလာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ

ဂျွန်နင်ဆိုတဲ့ ကျွန်တော်က မနေ့တစ်နေ့ကထိ ရိုးသားလွန်းတဲ့ ဆက်ကျော်သက် အထက်တန်းကျောင်းသားတစ်ယောက်ပဲ ရှိပါသေးတယ် ဘာလို့ ဒီတောအုပ်ထဲ ရောက်နေရတာလဲ ငါ သဘောမတူခဲ့သင့်ဘူး

Mom ပြောတဲ့ "လူတွေကို အယုံမလွယ်နဲ့" ဆိုတဲ့စကားကို ပြန်ကြားယောင်မိလာတယ် ဇိုဟန်က လူလိမ်ပဲ ဒီအခြေအနေတွေက တကယ့်ကို ပုံမှန်မဟုတ်ဘူး

...လွန်ခဲ့တဲ့နှစ်ရက် ...

ဂျွန်နင် ည ၁၁နာရီမှ အိမ်ပြန်လာခဲ့တယ် ဒီအချိန်ဆို Mom အိပ်နေလောက်ပြီ ခြေသံဖွဖွလေးနဲ့ တိုးတိုးလေး အိမ်ပေါ်တက်လာလိုက်တယ်

ရေချိုးခန်းထဲ ဝင်ကာ တံခါးကို ချက်ချလိုက်ပြီး ခြေထောက်ကန်ရာတွေ ပြည့်နေတဲ့ ကျောင်းဝတ်စုံကို ရွံရှာစွာ အလျှင်အမြန်ပဲ ဆွဲချွတ်လိုက်တယ် မှန်ထဲကြည့်လိုက်တော့ အထိုးခံထားရတဲ့မျက်နှာက ဖူးယောင်စပြုနေပြီ

ဒီနေ့ အရိုက်ခံရတာက အရင်နေ့ကထက် ပိုဆိုးတယ် လူအင်အားများပြီး အနိုင်ကျင့်တက်တဲ့ ကျောင်းလူမိုက်တွေကို တစ်ယောက်ထဲဖြစ်တဲ့ ဂျွန်နင့်အတွက် သူတို့လုပ်သမျှ ခံဖို့ကလွဲပြီး ရွေးချယ်စရာရယ်လဲ မရှိခဲ့ဘူး

ကာကွယ်ပေးမဲ့သူလဲ မရှိသလို ပြန်တိုက်ခိုက်ဖို့လဲ အင်အားမရှိဘူး အဝတ်အစားတွေ အကုန်ချွတ်ပြီး သူ့ခန္ဓာကိုယ်က အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေ သွေးအနည်းငယ်စိမ့်ထွက်နေဆဲဒဏ်ရာတွေကို တိတ်တဆိတ် ဆေးကြောနေတယ်

Magic WorldWhere stories live. Discover now