🔮 Ep 2

453 62 2
                                    

(ရုပ်ဆိုးဆိုးမှင်စာလေး)



ဇိုဟန်ရဲ့မှတ်ညဏ်တွေ လက်ခံရယူအပြီးမှာ ဘာလုပ်ရမှန်းမသိအောင် စိတ်ဓာတ်ကျသွားသည်

မူလဇိုဟန်က အထွတ်အထိပ်မှော်ဆရာ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပြီး မှော်လောကမှာ အရမ်းကို ကျော်ကြားပြီး အင်အားကြီးသူတစ်ယောက်ဖြစ်ခဲ့သည်

မီးခိုးရောင်ဆံနွယ်ရှည်တွေနဲ့ မျက်လုံးကိုသာဖုံးထားတဲ့အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ထားသော ဇိုဟန့်ကို မှော်လောကမှာ မလေးမစားဆက်ဆံရဲသူဟူ၍ မရှိခဲ့

အေးစက်စက်သာ ဆက်ဆံတက်သော ဇိုဟန့်ကို လေးစားကြပြီး သူ့မျက်နှာက အမြဲတစေ မျက်နှာဖုံးတပ်ဆင်ထားတာကြောင့် ဇိုဟန့်ရဲ့မျက်နှာအစစ်ကို မြင်ဖူးသူမရှိ
ဇိုဟန်က လျို့ဝှက်သော မှော်ဆရာလို့လဲ ပြောကြသည်

ဇိုဟန်ရဲ့ မှတ်ညဏ်ကို လက်ခံရရှိထားသော ဂျွန်နင်ကတော့ မျက်နှာဖုံးရဲ့ အကြောင်းရင်းကို သိလိုက်ရသည် သူ့မျက်နှာကို ငယ်ငယ်လေးထဲက သဘောမကျခဲ့တာကြောင့် မျက်နှာဖုံးဝတ်ဆင်ထားခြင်း ဖြစ်သည်

မှော်လောကဆိုသည်မှာလဲ မျက်နှာက အရေးမပါပဲ စွမ်းအားကသာ အရေးကြီးသည် စွမ်းအားရှိလျှင် မျက်နှာကို ကိုယ်နှစ်သက်သလို အသွင်ယူနိုင်သည်မို့ မှော်လောကမှာ စွမ်းအားကြီးသူသာလျှင် အလေးပေးခံရသည်

ဇိုဟန်ဟာ အထွတ်အထိပ် မှော်ဆရာ ဆယ်ယောက်ထဲက တစ်ယောက်ဆိုတော့ ဇိုဟန်ရဲ့နေရာက ဘယ်လောက်အင်အားကြီးလဲဆိုတာ သိသာလှသည် ဇိုဟန်ရဲ့အင်အားကြီးပြီး တောက်ပတဲ့ဘဝပျက်ဆီးဖို့ အစပြုရတဲ့အကြောင်းရင်းကတော့ မကောင်းဆိုးဝါးဘုရင်လောရပ်စ်ဆင်းပင် ဖြစ်သည်

လောရပ်စ်ဆင်းက မကောင်းဆိုးဝါးတစ်ပိုင်း မှော်ဆရာတစ်ပိုင်း ဖြစ်နေတဲ့အင်အားကြီးသော မကောင်းဆိုးဝါးအကြီးစားကြီးပင် ဖြစ်သည်

မှော်လောကကို ခဏခဏ ကျူးကျော်တိုက်ခိုက်လာတဲ့ မကောင်းဆိုးဝါးတွေကြောင့် ဇိုဟန်က လောရပ်စ်ဆင်းကို သတိပေးရန် မကောင်းဆိုးဝါးလောကကို အရောက်သွားခဲ့သည်

Magic WorldWhere stories live. Discover now