( မိစ္ဆာငှက် )
ဟာအိုလီကလဲ အရိုက်ခံရတဲ့ နေရာကို သူ့လက်နဲ့အုပ်ကိုင်ထားပြီး အံ့အားသင့်စွာ ဇိုဟန်ကို ပြန်ကြည့်နေတယ်
" ဟာအိုလီ ငါ မရည်ရွယ် "
" သခင်က ဟာအိုလီ့ကို လက်နဲ့ရိုက်တယ် ဒါ သခင်နဲ့ ပထမဆုံး ထိတွေ့ဖူးတာပဲ နိမ့်ကျတဲ့ဟာအိုလီကြောင့် သခင့်လက်ညစ်ပေသွားမှာ သိပေမဲ့ အားးးး ဘာလို့ ဒီလောက်ပျော်နေရတာလဲ "
" ဟင် "
ဇိုဟန်ခန္ဓာကိုယ်မှာနေနေရတဲ့ ဂျွန်နင်ဟာ အံ့အားသင့်စွာပဲ ဟာအိုလီကို ကြောင်ကြည့်နေမိသည် ဟာအိုလီက သစ်တောထဲမှာ ထိန်းချုပ်ရခက်စွာ အရူးထပြီး ပတ်ပြေးနေတယ် ဒါက ဘယ်လိုအရူးထခြင်းမျိုးလဲ အရိုက်ခံလိုက်ရတာကို Crushဆီက အဖြေရသလိုပျော်နေတာက တကယ်ကြီးလားဟ
မှင်စာအစွမ်းနဲ့ ပတ်ပြေးနေတဲ့ဟာအိုလီဟာ အရမ်းလျင်မြန်ပြီး အရိပ်လိုလိုပဲ မြင်ရလောက်အောင် မြန်နေတာကြောင့် လိုက်ဖမ်းပြီး ရပ်ခိုင်းဖို့ထိ ဇိုဟန်မမိုက်မဲသေး အဲ့ဒါအပြင် ဟာအိုလီပါးစပ်ကလဲ စကားပြောသံနဲ့မတူတဲ့ အသံတွေ ထွက်နေကာ ဘာတွေအော်ဟစ်နေမှန်းမသိပေမဲ့ စိတ်လှုပ်ရှားနေတဲ့အသံတွေမှန်းတော့ သိလိုက်သည်
" ဟာအိုလီအော်ဟစ်နေတာတွေက မှင်စာစကားတွေများလား နောက်ဆို ဘယ်တော့မှမှင်စာစကားမပြောဖို့ ပြောထားရမယ် အသံကစူးပြီး တော်တော်နားထောင်ရဆိုးတာပဲ "
ဇိုဟန် တစ်ယောက်ထဲ တိုးတိုးလေး စကားတွေပြောနေတာဖြစ်သော်လည်း ဟာအိုလီချက်ချင်းတိတ်သွားပါသည် ပြီးတော့ ဇိုဟန်ဆီ ရောက်လာသည်
" ဘာလဲ ငါတိုးတိုးလေး ပြောတာ ကြားတယ်လား "
ဟာအိုလီက ခေါင်းငြိမ့်ပြရုံတင်မက ဇိုဟန်ကို တန်ဖိုးအထားရဆုံးအရာကို ကြည့်သလို ကြည့်နေပြန်သည်
" ဟာအိုလီ ငါ့ကို အဲ့လိုကြီးမကြည့်ပါနဲ့ "
ဟာအိုလီက ချက်ချင်းပင် ခေါင်းငုံ့သွားကာ မျက်နှာလည်း ညိုးငယ်သွားတာကို ဇိုဟန်မြင်လိုက်ရသည်
" ဟေ့ ဟာအိုလီ ငါက ဒီတိုင်းနေရခက်လို့ ပြောတာပါ ရတယ် ကြည့်ချင်သလောက်သာကြည့် ရုပ်ဆိုးလေး "
YOU ARE READING
Magic World
Mystery / Thriller၂၁ရာစု ကျောင်းသားဂျွန်နင်ဟာ မှော်ဆရာတစ်ယောက်ရဲ့လှည့်စားမှုကြောင့်မှော်လောကထဲမှာ နေဖို့ဖြစ်လာတယ် ဒါပေမဲ့ သူထင်သလိုမဟုတ်ပဲ သေခြင်းတရားတွေကသာ သူ့ကို ဆီးကြိုနေတယ် ငါက ငကြောက်ဆိုတဲ့အမှန်တရားကို ပြောင်းပြန်လှန်ပြမယ် (ငိုရှိုက်ရင်းပြောသောအသံ)