(မတော်လိုက်ရသောအဖေ)
မိစ္ဆာငှက်ကြီးက ပျံသန်းနေရာမှ ပိုက်ကွန်ကို ရုတ်တရက်ကြီး လွှတ်ချလိုက်သည် ထူထဲသောကွန်ရက်တွေကြောင့် ဘာမှမဖြစ်သွားသော်လည်း လန့်တာက တော်ရုံနဲ့မပျောက်နိုင်
ထိုစဉ် ပိုက်ကွန်ဆီ အကောင်ကြီးကြီးမကောင်းဆိုးဝါးကောင်ကြီးက အနားကပ်လာကာ သူ့လက်သည်းချွန်တွေနဲ့ပိုက်ကွန်ကို ဆွဲဖြဲပစ်လိုက်သည် လက်သည်းချွန်တွေ သူ့ကိုထိမှာ စိုးရိမ်မိသော်လည်း ခိုင်မြဲလွန်းသောပိုက်ကွန်က ပေါက်ပြဲသွားကာ ဇိုဟန်ကိုယ်က ပိုက်ကွန်ထဲက ထွက်ကျသွားတာကြောင့် ကြာကြာပင် စိုးရိမ်ချိန်မရလိုက်
ပိုက်ကွန်ထဲက ထွက်ကျသွားမှ ပတ်ဝန်းကျင်ကို လေ့လာမိတော့ သူ့ပတ်ဝန်းကျင်မှာ မကောင်းဆိုးဝါးတွေ အများကြီး ရပ်နေတာကို တွေ့လိုက်ရသည် ဇိုဟန်ရဲ့မျက်နှာချင်းဆိုင်မှာ လှေကားထစ်တွေ ရှိနေပြီး လှေကားထစ်အပေါ်မှာ ကြီးမားသောထိုင်ခုံကြီးချထားသော စင်လဲရှိနေသည်
နေရာအပြင်အဆင်ကို ပြောရမယ်ဆို ဘုရင်တစ်ပါးရဲ့နေရာဆိုတာ ဖော်ညွှန်းနေသည် အဲ့ပေါ်မှာ ရှိနေသူက လောရပ်စ်ဆင်းများလား လောရပ်စ်ဆင်းက မကောင်းဆိုးဝါးပုံစံမပေါက်ပဲ ခက်ထန်သောအမှုအရာပိုင်ဆိုင်ထားမှန်းသိသာရင်တောင် တော်တော်ကြည့်ကောင်းသောလူတစ်ယောက်ဆိုတာတော့ မငြင်းနိုင်ပေ
လောရပ်စ်ဆင်းရဲ့အနီရောင်မျက်လုံးတွေက ဇိုဟန့်အပေါ် စူးရဲစွာကျရောက်လာတာကြောင့် အလိုလိုကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်လာသည် အကြည့်နဲ့လူသက်လို့ရတယ်ဆိုတဲ့စကားကို ဒီနေ့မှာ လုံးဝ ထောက်ခံမိသွားတော့သည်
ဘယ်လိုပဲ ကြောက်ရွံ့စိတ်ကိုထိန်းပါစေ မျက်လွှာချထားသည့်တိုင် လောရပ်စ်ဆင်းက သူ့ကို စူးရဲစွာကြည့်နေတာကို ခံစားမိနေတာကြောင့် တစ်ကိုယ်လုံးအေးစက်လာသည်
တရွေ့ရွေ့နှင့် ပိုက်ကွန်ဆီသို့ တိုးသွားကာ ပြန်ဝင်တော့မလိုဖြစ်နေသော ဇိုဟန်ကို မကောင်းဆိုးဝါးကြီးက ခါထုတ်ပစ်တာကြောင့် လောရပ်စ်ဆင်းနဲ့ပင် အနည်းငယ်ပိုနီးသွားတော့သည်
YOU ARE READING
Magic World
Mystery / Thriller၂၁ရာစု ကျောင်းသားဂျွန်နင်ဟာ မှော်ဆရာတစ်ယောက်ရဲ့လှည့်စားမှုကြောင့်မှော်လောကထဲမှာ နေဖို့ဖြစ်လာတယ် ဒါပေမဲ့ သူထင်သလိုမဟုတ်ပဲ သေခြင်းတရားတွေကသာ သူ့ကို ဆီးကြိုနေတယ် ငါက ငကြောက်ဆိုတဲ့အမှန်တရားကို ပြောင်းပြန်လှန်ပြမယ် (ငိုရှိုက်ရင်းပြောသောအသံ)