Part-6

477 28 0
                                    

"ဘာ.........
နင်​နဲ့ လင်း ချစ်​သူ​တွေဖြစ်​သွားပြီ
ဟုလား...​မေ. ဘယ်​တုန်းကလဲ
ငါလဲ ဘာမှမသိရဘူး...
သူက နိကိုချစ်​ရဲ့လား..​မေ"
မိုးနှင်းမှာ...ပူပန်​​နေ​သော်​လဲ

"သူလဲ ငါ့ကိုချစ်​တယ်​ဟ
သူမချစ်​ပဲနဲ့​တော့ ချစ်​သူဖြစ်​မလားဟ
နင်​ကလဲ"
​မေက​တော့ ပြုံးရွှင်​စွာပင်​

<မဖြစ်​နိုင်​တာ...
ဒါသက်​သက်​ ​မေ့ကိုသူလှည့်စားတာ
သူလိုလူမျိုးက ​မေ့ကိုအတည်​ချစ်​မတဲ့လား
သူက ​မေ့ကို ငါ့​လောက်​​ပျော်​​အောင်​ထား
နိုင်​မှာမဟုတ်​ဘူး....>
မိုးနှင်း...​ကြေကွဲစွာ...
မျက်​ရည်​​တွေစို့နင့်လာသည်​...
လက်​ကို ကျစ်​ကျစ်​ပါ​အောင်​ စုတ်​ထား၍

"နင့်တို့အချစ်​ ခရီး​ပျော်​ရွှင်​ဖို့
ငါဆု​တောင်း​ပေးပါတယ်​ ​မေ..."
ဟန်​​ဆောင်​ထား​သော..အပြုံးနှင့်သာ
​မေ့အား..​ပြောလိုက်​မိသည်​...
​မေ..က​တော့...မိုးမမြင်​​လေမမြင်​
​ပျော်​ရွှင်​​နေ​လေ​တော့သည်​

လင်းသည်​..​မေ့အား..ရင်​နင့်​အောင်​ချစ်​သည်​
​မေ့ကိုချစ်​​သောအချစ်​အား..
လင်း စာပင်​ မဖွဲ့နိုင်​ပါ...
​မေ့ အား...စူစိုက်​စွာပင်​ကြည့်​နေမိသည်​

"လင်း......​မေမ​နေတက်​​တော့ဘူး..
ဘာလို့အလိုကြီးကြည့်​နေတာလ"
​မေရဲ့ပါမို့မို့​လေး ရုတ်​တရက်​ရဲတက်​လာသည်​

လင်းရဲ့လက်​က​လေးများ
​မေ့ရဲ့ပါးပြင်​​လေးနှစ်​ဘက်​အား..
ယုယစွာကိုင်​တွယ်​လိုက်​ကာ...
"​မေ....ကိုယ်​​လေ...
​မေ့ အနားမှာ...အခုလိုအမြဲရှိချင်​တယ်​"

​မေ ခန​တွေ​ဝေသွားသည်​
<လင်း..က ​မေ့ကို......
လင်း..​ယောဟုတ်​ရဲ့လား...
သူ ​မေ့ရဲ့စိတ်​ကို စကားလုံး​လေ​တွေနဲ့ချုပ်​​နေတာများလား...​မေယုံသင့်ရဲ့လား...>

​"​မေ....ကိုယ့်ကို ​မေယုံချင်​မှယုံလိမ့်မယ်​
ကိုယ်​ ​မေ့ကို ချစ်​တာ...ကိုယ်​ပဲသိတယ်​
​မေ လဲကိုယ့်ကိုချစ်​တယ်​မလား..
ဒါဆို ကိုယ့်ကိုထားမသွားပါနဲ့​နော်​"

​မေ့ရဲ့လက်​ခ​လေးကို ဆုပ်​ကိုင်​လိုက်​ပြီး...
"ကိုယ့်အနားမှာ..အခုလို အမြဲရှိ​ပေးပါ​မေ"

မြတ်နိုးခဲ့ရ‌သော....''MAY'' (Complete)Where stories live. Discover now