Part-11

432 24 0
                                    

ထိုအချိန်​မှာ.....

"ဒါ ဘာဖြစ်​​မေတာလဲ မိုးနှင်း..."
ရုတ်​တရက်​ထွက်​​ပေါ်လာ​သော..
​ဒေါ်​မေမီမိုး၏အသံ.......

မိုးအရမ်းလန့်သွားခဲ့သည်​...
"ဟို....အန်​တီ....
မိုး....​လေ...မိုး...​မေ့ကို ဟိုက​လေးမဆီ
ပါမသွား​အောင်​တား​နေတာပါ..."

​မေလဲ မျက်​ရည်​​လေးများဖြင့်..
အကာအကွယ်​ယူလိုက်​ပီး..
မိုးနှင်းကို နာကြီးစွာ...ကြည့်​နေမိသည်​..

"အန်​တီအပြင်​က​နေ..အားလုံးကြားတယ်​ မိုးနှင်း.. အန်​တီက လင်းလက်​နဲ့
ပက်​သက်​တာများ​ပြောဂျမလားလို့ နား​ထောင်​​နေတာ...
​နောက်​ဆုံးကြ​တော့... မိုးနှင်း...
နင်​က အရမ်း​ကြောက်​ဖို့​ကောင်းတဲ့မိန်းခ​လေးပဲ...."
​ဒေါ်​မေမီမိုးအသံမှာ
မိုးအတွက်​ ပြင်းထန်​လှသည်​...

"အန်​တီ..​သေချာစဉ်းစားပါ
မိုးကသာမေ့အနားအမြဲရှိ​နေခဲ့တာ..
မိုးနဲ့ရှိရင်​ သူမျက်​ရည်​တ​ပေါက်​မကျ​စေရဘူး...မိုးကတိ​ပေးတယ်​...
မိုးက ​မေ့ကိုအရမ်းချစ်​တာ...
ဟိုးငယ်​ငယ်​ကတည်းကပဲ..
အန်​တီ.......​ကျေးဇူးပြုပီး....
​မေ့ကို မိုးနဲ့ သ​ဘောတူ​ပေးပါ..."
မိုးနှင်း...​တောင်းဆိုမှု့အပြီးမှာ​တော့

"နင်​ထွက်​သွား​....
ငါနင့်ကိုအရမ်းမုန်းတယ်​...
နင်က​​ငါ့သူငယ်​ချင်း​တောင်​ ဖြစ်​ဖို့မတန်​ဘူး... နင်​အခုချက်​ချင်းထွက်​သွား..
ငါနင့်မျက်​နှာကို မမြင်​ချင်​ဘူး...
​နောက်​ထပ်​ဘယ်​​တော့မှ
ငါ့အ​ရှေ့မှာ​ပေါ်မလာနဲ့"
​မေ့ရဲ့ ပြတ်​သားလှတဲ့...စကား​တွေ...
မိုးမခံစားနိုင်​ပါ....

"ဒီမယ်​မိုးနှင်း...
မင်းနဲ့ သ​ဘောတူဖို့ မင်း​ပြောရ​အောင်​
အန်​တီသမီးက ​ယော​ကျာ်း​လေးမဟုတ်​ဘူး သူကမိန်းခ​လေး...
ပတ်​ဝန်းကျင်​မှာ..အရှက်​ရမဲ့အလုပ်​​မျိုး..အန်​တီဘယ်​​တော့မှမလုပ်​ဘူး..
​သေချာတာ တခုက
အန်​တီ မင်းနဲ့လုံးဝသ​ဘောတူမှာမဟုတ်​ဘူး.. ပြီး​တော့ ထပ်​​ပြောရဦးမယ်​..
​မေ့ကို...အန်​တီ ​ယောက်ျား​ပေးစားရလိမ့်မယ်​... အခုမင်းအန်​တီအိမ်​က ထွက်​သွား​ပေးပါ.."
မိုးနှင်း...လမ်းထ​လျောက်​ဖို့​တောင်​
အားအင်​မရှိပါ.....
<မဖြစ်​ဘူး​လေ...​မေ့ကိုဆုံးရှုံးလို့မှ
မဖြစ်​တာ...>

မြတ်နိုးခဲ့ရ‌သော....''MAY'' (Complete)Where stories live. Discover now