1

8.9K 249 16
                                    

Zawgyi>>>

စိုစွတ်သော မိုးရာသီမှတစ်ဖန် ဆောင်းနှင်းတို့ကျရောက်လာချိန်...

နှစ်ရာသီတွေ အလီလီပြောင်းလဲခဲ့ပေမဲ့ ငှက်ငယ်လေးရဲ့ လှောင်အိမ်လေးနဲ့ သော့တွေကတော့ ခိုင်ခိုင်မြဲစွာတည်ရှိလျက်ပင်...

သခင်ပြန်အလာကို စောင့်မျှော်နေသူ ငှက်ငယ်လေးခမျာ ဟိုငေးဒီငေးဖြင့် ခြေထောက်ကသံကြိုးတွေကိုလဲ အော်ဆူပစ်မိသေးတယ်...

မနေ့က Hyun ခွင့်ပြုချက်မတောင်းပဲ Xiumin hyung တို့အိမ်ကို သွားမိလို့ အပြစ်ပေးတဲ့အနေနဲ့ ခြေထောက်နုနုလေးတွေအား သံကြိုးဖြင့်ခတ်ထားပါသော အရှင်သခင်...

ကုတင်နဲ့တွဲချည်ထားတဲ့
ရုန်းမရပြုမရ ဤကြိုးကြီးကြောင့် အသားစလေးတွေလဲ ပွန်းလို့...

ညက Hyun နဲ့ဆက်ဆံတာ တော်တော်လေးကြမ်းတမ်းခဲ့သည်မို့ ခါးအောက်ပိုင်း နာကျင်မှုကလဲ တဆစ်ဆစ်ပင်...

သူ့မှာ ချစ်ရသူကိုလဲ အပြစ်မတင်ရက်...
မိမိကိုယ်ကိုသာ အသုံးမကျကြောင်း ပြန်ဆူမိရင်း မှိုင်တွေနေမိတယ်...

Hyun ကလေ သူ့ကိုအပြစ်ပေးနေတဲ့အချိန်မှာတောင် သိပ်ကြည့်ကောင်းတာပဲ...

ဒီလိုနဲ့ Hyun ကို ပိုပိုပြီး ချစ်မိလာရင် ဘယ်လိုလုပ်ရပါ့မလဲ...

"Yeol ah..."

ရုတ်တရပ်ဆိုသလို ခပ်တိုးတိုးခေါ်သံနဲ့အတူ ခါးမှရစ်ပတ်လာသော သန်မာတဲ့လက်အစုံကြောင့် Yeol လှည့်ကြည့်မိတယ်...

"Hyun ပြန်ရောက်ပြီလားဟင်"

ထိုရင်ခွင်ကျယ်... Hyun ရဲ့ကိုယ်သင်းနံ့...
အရာအားလုံး အလွတ်ကျက်မှတ်ထားမိသည်မို့...

"ကျွန်တော်...ဘယ်မှမသွားဘူးသိလား Hyun...ပြန်လာမဲ့အချိန်ကိုပဲ ငြိမ်ငြိမ်လေးထိုင်စောင့်နေတာ တကယ်ပြောတာ Hyun"

သူ့ကို စိတ်ဆိုးနေမှာ ကြောက်တတ်တဲ့ကလေးက သူငြိမ်နေကြောင်း မျက်ဝန်းလေးတွေဝိုင်းကာ သက်သေပြနေသည်...

Baekhyun ခပ်ဟဟရယ်ရင်း ခေါင်းငြိမ့်အသိမှတ်ပြုလိုက်တယ်...

"ကိုယ့်ကလေးက လိမ္မာတယ်"

~~Labyrinth~~ (H.I.A.T.U.S)Where stories live. Discover now