5

3.3K 168 24
                                    

Zawgyi>>>

Yeol နိုးလာတော့ ခါးလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ လက်အစုံကိုခံစားမိပါသည်...
Hyun ဆိုတာ ပြောဖို့မလိုပြီ...

အနည်းငယ်လှုပ်ဖို့စဉ်းစားမိတော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲလို့...

သူမော့ကြည့်မိတော့ hyun က သူ့ကိုသေချာစိုက်ကြည့်နေတာရယ်...

မျက်ဝန်းလေးတို့အကြည့်ချင်းဆုံတဲ့ခဏ ရင်တွေအရမ်းခုန်ရတာလဲ သူပင်...

"Hyun..."

"အင်း..."

"ဘာဖြစ်လို့လဲဟင်"

"ဟင့်အင်း...ဒီအတိုင်း ချစ်လို့ကြည့်တာ"

Hyun စကားကြောင့် yeol လေးမျက်နှာနုနု ပန်းနုရောင်သန်းသွားကာ ရင်ခွင်ထက်မျက်နှာလေးအပ်ထားရှာတယ်...

"ကိုယ့်ကိုချစ်လား?yeol ah..."

"ဟုတ်..အရမ်းချစ်တယ် Hyun..."

Hyun ဒီနေ့အရမ်းထူးဆန်းပါသည်...
Yeol မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း လူကိုလဲတင်းတင်းလေးဖက်ထားသည်မှာလွတ်ထွက်သွားတော့မည့်အလား

"Hyun ဘာဖြစ်လို့လဲ... ကျွန်တော်အမှားလုပ်မိလို့လားဟင်"

"မဟုတ်ပါဘူး yeol ah...ဒီအတိုင်း...မင်းကိုဆုံးရှုံးရမှာကြောက်မိနေလို့"

Yeol ပြုံးကာ hyun ကျောပြင်ကိုဖက်တွယ်၍ ရင်ခွင်ထက်မျက်နှာလေးအပ်လိုက်တယ်...

Hyun ရင်ခွင်ကနွေးလိုက်တာ...
ဒီကိုယ်သင်းနံ့ ဒီအနွေးဓာတ်ကိုမှ မရရင် မနေတတ်တော့တဲ့ ငှက်ငယ်လေးအတွက် သခင်က oxygen ပါလေ...

"စိတ်ချပါ Hyun...ဒီလိုမျိုး ကျွန်တော်ကအမြဲဘေးမှာရှိနေပေးမှာမို့ တွေးမပူပါနဲ့နော်"

"အင်း ကိုယ့်ကိုဘယ်တော့မှထားမသွားရဘူးနော် yeol"

"စိတ်ချပါ hyun ကျွန်တော့်ကိုယုံ..."

Yeol ရဲ့ကိုယ်လေးကို တင်းတင်းဖက်ရင်းပင် ခေါင်းလေးကို ပုတ်ပေးမိတယ်...

ကောင်လေးဟာ သိပ်လိမ်မာတာပဲ...

ဘာလို့ဒီလောက်ထိအလိုက်သိတတ်လွန်းတာပါလိမ့်နော်...

~~Labyrinth~~ (H.I.A.T.U.S)Where stories live. Discover now