4

3.7K 190 30
                                    

Zawgyi>>>

အပြင်မှ ကားရပ်သံကိုကြားသည်နှင့် yeol ခေါင်းလေးထောင်ကာ အပြင်သို့လှမ်းကြည့်မိတယ်

ထင်တဲ့အတိုင်း baekyun နဲ့အတူ တခြားလူတစ်ယောက်ပါ ပါလာသည်...
Hyun ပြောတဲ့ သူ့ သူငယ်ချင်း ဖြစ်ကောင်းဖြစ်နိုင်သည်...

အရပ် မြင့်မြင့်အသားဖြူဖြူနဲ့ ဆံပင်တို့ကိုသပ်ရပ်စွာလှန်တင်ထားတယ်...ရိုးရှင်းစွာဝတ်ဆင်ထားသော်လဲ သူ၏ဂုဏ်အရှန်အဝါကမသေးမှန်းသိသာနေစေသည်

"ထိုင်လေ Kris..."

Kris သည် ပတ်ဝန်းကျင်အနေအထားနှင့် Baekhyun အိမ်ကို ကြည့်ကာ တစ်ချက်ပြုံးတယ်...

Baekhyun ကပြောင်းလဲသွားခြင်း ဘ်ာတုန်းကမှ မရှိခဲ့ချေ...

အရာရာတိုင်းကို ရိုးရှင်းပြီး အဆင်တန်ဆာမပါတဲ့ပုံစံ အေးစက်တဲ့အငွေ့အသက်တွေ... အားလုံးကအမှောင်အတိလွှမ်းမိုးဆဲ...

Baekhyun နဲ့ငယ်ငယ်ထဲက ပေါင်းလာသည်မို့ ဒီလိုအပြင်အဆင်တွေကသူ့အတွက် ထူးဆန်းသည်မဟုတ်...

သူအမေရိကားကို ထွက်သွားကတည်းက Baekhyun က်ုဖုန်းနဲ့သာဆက်သွယ်လုပ်ဖြစ်ကာ အလုပ်ကိစ္စတွေကြောင့်၊သိပ်အများကြီးမပြောဖြစ်သည်မို့ Baekhyun အကြောင်းတွေ အများကြီးမကြားရပါ...

"ငါတို့မတွေ့တာ တောင်တော်တော်ကြာပြီပဲ"

"အင်း ၁၂ နှစ်လောက်ရှိပြီလေ"

Kris ခေါင်းငြိမ့်အသိမှတ်ပြုသည်...

နှစ်ယောက်သားမဆုံတာကြာလို့လားမသိ စကားပြောဖို့သိပ်မရှိချေ...
Kris လဲ စကားဆက်ရန်အကြောင်းသာရှာရတော့တယ်...

"အာ ဟုတ်သားပဲ ငါမသွားခင်တုန်းက မင်းကောင်လေးတစ်ယောက်ကိုဝယ်သေးတယ်နော်...အဲ့ကောင်လေးရော မင်းဆီမှာအခုထိရှိသေးလား"

Kris ကတော့ ဘာရယ်မဟုတ် စကားဆက်လိုက်ခြင်းပင်. .သို့သော်လဲ ချက်ချင်းပင် မျက်နှာပျက်သွားတဲ့ Baekhyun ကြောင့် သူမှားသွားပြီမှန်းသိလိုက်ရတယ်

"အာ ငါကဒီတိုင်း..."

"သူရှိတယ်"

"ဟင်?"

"ငါ့အခန်းထဲမှာပိတ်ထားတယ်လေ"

ခပ်ပြတ်ပြတ်သာပြောလာတဲ့ Baekhyun မျက်ဝန်းထဲမှာ အသက်သိပ်မပါလှ...

~~Labyrinth~~ (H.I.A.T.U.S)Where stories live. Discover now