(Zawgyi)
Luhan မနက်စာစားဖို့ အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းမှာ Sehun ကိုမတွေ့ရသေး...။ ခုနောက်ပိုင်းက ခြေထောက်တွေလဲအတော်အသင့် ကောင်းနေပြီမို့ တကူးတကသွားခေါ်နေစရာ မလိုတာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ထွက်လာခြင်းသာ...။
"Mr. Oh မနိုးသေးဘူးထင်တယ်နော်"
မုန့်ပွဲတွေလာချပေးတဲ့ Arjuma ကို Luhan လှမ်းမေးလိုက်တယ်...။ အမြဲတမ်းလိုလို အတူတူစားဖြစ်နေတော့ ခုတစ်ယောက်တည်းစားရမှာကို စိတ်ထဲတမျိုးဖြစ်နေခြင်းသာ...။
"သူဌေးလေးက နေသိပ်မကောင်းဘူးတဲ့.. အဲဒါကြောင့် မနက်စာကိုခဏနေမှ သူ့အခန်းကိုသွားပို့ပေးရမှာ"
"ဟင်... အဲဒါကိုဘာလို့ကျွန်တော့်ကိုမပြောတာလဲ... ကျွန်တော်ကသူ့ရဲ့ဆရာဝန်လေ"
Luhan စိုးရိမ်တကြီးနဲ့ရေရွတ်လိုက်တယ်...။ တခါတလေကျတော့ Mr. Oh က သိပ်ကိုပေတေလွန်းတယ်လေ...။ စိတ်ကလဲသိပ်မှန်တာမဟုတ်...။ ဟိုတနေ့ကဆို သူ့ကိုတွေ့ချင်လို့လာတဲ့ အစ်ကိုဖြစ်သူကို ရိုင်းရိုင်းပျပျကိုချေလွှတ်တာ...။ ကိုယ့်မှာကြားထဲကနေ မျက်နှာတွေပူလိုက်တာ...။ တော်သေးတာက Sejun က သဘောကောင်းတာမို့....။
"Arjuma အဲ့မနက်စာပြင်ထားတဲ့ဗန်း ကျွန်တော့်ကိုပေး... ကျွန်တော်သွားပို့ပေးမယ်"
"ရပါတယ် ဒေါက်တာလေးရယ်... ကိုယ့်ဘာသာကိုယ်ပဲ မနက်စာအေးဆေးစားပါ... သူဌေးလေးက ရိုးရိုးဖျားတာမို့ ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါတဲ့"
တွေ့လား... ခေါင်းမာတဲ့နေရာမှာ ၂ယောက်မရှိဘူး...။ ဆရာဝန်ကိုအိမ်မှာခေါ်ထားပြီး အလကားပဲ...။ ပိုက်ဆံတွေသိပ်ပေါနေတာကြောင့် လစာတွေအသားတင်ပေးနေတာဖြစ်မယ်....။
"ကျွန်တော့်ကိုအားမနာပါနဲ့... မနက်စာကအဲ့လောက်ထိ အချိန်ဆွဲစားနေစရာမှမလိုတာ... ဟောကြည့်... အခုတင်ပြီးသွားပြီ"
ပြောပြောဆိုဆိုနဲ့ ပန်းကန်ထဲကကိတ်မုန့်ချပ်တွေကို ပါးစပ်ထဲထိုးထည့်ရင်း ကော်ဖီနဲ့မျှောချလိုက်တဲ့ Luhan ကို Arjuma ကတော့ သဘောကျစွာရယ်မောနေတယ်...။ စိတ်ထားကောင်းလွန်းတဲ့ ဒေါက်တာလေးကို သူမတို့ရဲ့သူဌေးလေးနဲ့ အမြန်ဆုံးအဆင်ပြေစေချင်မိတယ်...။
YOU ARE READING
FALLING (Completed)
RomanceWe are slowly slowly falling in love Oh Sehun x Xiao Luhan