Part 20

2.7K 344 33
                                    

(Zawgyi)

Mrs. Oh တစ်ယောက် ထမင်းဝိုင်းမှာအတူထိုင်ကာ သူမ ချက်ထားတဲ့ဟင်းတွေကို အားပါးတရစားနေကြတဲ့ သား၂ယောက်ကိုကြည့်ပြီး ပီတိဖြာရတယ်...။ ဘေးမှာလည်း မတော်ရသေးတဲ့သားမက်လေးက ပါသေးတယ်လေ...။ ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်တဲ့ မြင်ကွင်းလေးလဲ...။

ဒီလိုအခြေအနေမျိုးကို Mr. Oh သေဆုံးသွားပြီးကတည်းက မတွေ့ရတော့တာ...။ အရင်က သိပ်ချစ်ကြတဲ့ညီအစ်ကို၂ယောက်ဟာ ဖခင်သေဆုံးပြီးနောက်ပိုင်းမှာ ကတောက်ကဆတွေဖြစ်သွားတာကြောင့် ခပ်တန်းတန်းပင်ဖြစ်သွားခဲ့တယ်...။ Hunnie လေးကလည်း အိမ်သက်သက်ခွဲနေကာ သူစိမ်းတွေလို ဖြစ်သွားကြပေမယ့် ခုကျတော့လည်း စည်းရုံးရေးကောင်းတဲ့ Luhan ကြောင့် မိသားစုသိုက်သိုက်ဝန်းဝန်း ပြန်ဖြစ်သွားလေပြီ...။

ထမင်းစားနေရင်းနဲ့လည်း Luhan ရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေတဲ့ Sehun ကြောင့် သူမ ပြုံးမိသေးတယ်...။ Hunnie လေးဟာ ဟိုးအရင်ကလိုပဲ သံယောဇဉ်ကြီးမားလွန်းသည်လေ...။

"သားတို့ ထည့်စားကြနော်.. Omma က ဒီ့်ထက်ပိုပြီးတောင် ချက်ကျွေးချင်သေးတာ"

"Omma ရယ် ခုတောင်ဟင်းတွေက များနေပါပြီ.. ဒီ့်ထက်သာထပ်ချက်ရင် စားပွဲဝိုင်းတောင် ဆန့်ပါ့မလား"

Sehun ရဲ့စကားကြောင့် သူမ သဘောကျစွာ ရယ်မောမိတယ်...။ ဒီကလေးက ဟိုးငယ်ငယ်ကတည်းက သူမကို မိထွေးတစ်ယောက်လိုသဘောမထားဘဲ အမေအရင်းလိုသာ ဆက်ဆံသည်လေ...။

"သား ဝပြီ Omma.. အပေါ်တက်နှင့်တော့မယ်"

အရင်ဆုံးထထွက်သွားတဲ့ Sejun ကို သူမ ဘာသံသယမှမဝင်ခဲ့ပါ...။ အခြေအနေကိုရိပ်မိတဲ့ Sehun ကတော့ မဲ့ပြုံးတစ်ချက်ကို ဆင်မြန်းလို့ပေါ့...။ သူနဲ့ Sejun ဟာ တစ်ယောက်ကိုတစ်ယောက် အလစ်အငိုက်ချောင်းနေတဲ့ ကျား၂ကောင်ပမာ...။ Omma နဲ့ Luhan ကတော့ ဒါတွေကိုမသိကြပေ...။

ထမင်းစားသောက်ပြီးတော့ Luhan က Omma နဲ့အတူ အချိုပွဲတွေပြင်ဆင်နေပြီး Sehun ကိုတော့ Omma က အစ်ကိုဖြစ်သူ Sejun ကို သွားခေါ်ပေးဖို့် တောင်းဆိုလာတယ်...။ ဒါကလည်း သူတို့၂ယောက်ကို အဆင်ပြေစေချင်တဲ့ Omma ရဲ့စေတနာဆိုတာ နားလည်တာကြောင့် Sehun လည်း အထွန့်တက်မနေတော့ဘဲ အိမ်ပေါ်ထပ်က သူ့အိပ်ခန်းဆီသို့် တက်လာခဲ့လိုက်တယ်...။ စိတ်ထဲမှာတွေးနေမိတာကတော့ သူနဲ့ Sejun ဟာ ဘယ်တော့မှပြေလည်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ...။

FALLING (Completed) Dove le storie prendono vita. Scoprilo ora