Prominent boy (23)
ZAWGYI ::
{"ငါ..."
"မင်း..."}"ဟို...အဟမ်း...ငါဆင်းတော့မယ်..."
ခန့်ခန့်ချောင်းတစ်ချက်ဟန့်ရင်း စကားကိုဆက်ကာ ခါးပတ်ကြိုးကိုဖြုတ်ရန်ပြင်လိုက်သည်။ခါးပြတ်ကြိုးကအရေးထဲကြပ်နေသေး။
"ဟို...ငါ..ကူညီရမလား..."
"ဟမ်..."
သူ့ဘက်တိုးလာတဲ့ရှိန်း...ဘာလို့ရှိန်းဆီကရောင်ဝါတွေထွက်နေသလိုခံစားရတာလဲ။
ကလစ်....
အချိန်သင့်စွာပြုတ်ထွက်သွားတဲ့ကြိုး။"အဲ..ဟီး..ရပြီ..."
သွားလေးဖြီးကာ ရယ်ပြနေတဲ့ခန့်ရတုကိုကြည့်ရင်း လက်ကိုရှက်ရှက်နဲ့ပင်ပြန်ရုတ်လိုက်သည်။ကံကောင်းရင် kissလေးဖြစ်ဖြစ်ရမှာကို။ညစ်ကျယ်ကျယ်အတွေးနဲ့အတူ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ရှိန်းဆက်။
ခန့်ခန့်တစ်ယောက်လဲ သိပ်မကျေနပ်ပါ။အချေစုတ်ကြောင့် ရင်တွေမတရားခုန်နေပါသည်။နှုတ်ပင်မဆက် စောင့်ပင်မစောင့်နိုင်ဘဲ ကားပေါ်ကခုန်ဆင်းကာထွက်ပြေးလာမိသည်။"အရူးလေး အတန်းထဲရောက်ရင်တွေ့ရမှာပဲကို"
ခပ်ဖွဖွရေရွတ်တဲ့ရှိန်းနှုတ်ခမ်းထက်အပြုံးတို့ခိုနားသည်။
~
~~
~~~
"အား သေတော့မှာပဲ သူဘယ်လိုတွေတောင်
ဖြစ်နေတာလား...မေရေ....."ရင်ဘတ်လေးဖိကာ ပွစိပွစိပြောနေမိစဉ်သူ့ဂုတ်သားဆီလာထိတဲ့ အေးစက်စက်လက်တစ်ဖက်။
"ဟင် ထက်သူ?"
"အာဆောရီး ရတု ကိုယ်ရေတွေကိုင်လာတာ
မေ့သွားတယ် ဆောင်းဝင်တော့မှာမို့ထင်တယ်
နဲနဲအေးလာတယ်နော်......"သူ့မူပိုင်အပြုံးချိုချိုတွေနဲ့ပြောလာသည်က မနေ့ကကိစ္စမဖြစ်ခဲ့သလို။ခန့်ခန့်စိတ်ထဲအားနာသွားမိသည်။လက်ရှိသူနဲ့ထက်သူက တွဲနေကြတဲ့အခြေအနေ။
ခန့်ခန့်ကိုယ့်ဘာကိုအစိုးမရစွာအပြစ်တင်မိသည်။သူရှိန်းကိုချစ်သည်။သူနဲ့ရှိန်းဒီမနက်ပဲပြေလည်သွားပြီ။ပြီးတော့ ထက်သူသူ့အပေါ်ဘယ်လိုသဘောထားသလဲသိနေခဲ့တာတောင် သူထက်သူကိုအသုံးချခဲ့သေးသည်။
သူထက်သူကိုချစ်နိုင်လားဆိုတော့ ဟင့်အင်း။သူ့နှလုံးသားက လူတစ်ယောက်ထဲဆီအကုန်ပေးထားမိပြီးသား။ဒါကိုသိရက်နဲ့ သူကျေနပ်စေဖို့ထက်သူက အများအမြင်မှာမကောင်းပြောခံပြီးကူညီခဲ့သေးသည်။သွေးပူပြီးလုပ်ခဲ့ပေမယ့် ပြန်စဉ်းစားကြည့်ရင် ခန့်ခန့်ဆိုတဲ့သူဟာအရမ်းကိုမုန်းစရာကောင်းပါလား။
YOU ARE READING
Prominent BOY [[Completed]]
Romanceခန့်ခန့်ဆိုတဲ့ကြောင်တောင်တောင် ma ma boyလေးရယ် ရှိန်းဆက်ဆိုတဲ့ ခပ်ချေချေကောင်လေးရယ်... မတော်တဆမှုကတစ်ဆင့် ခန့်ခန့်နဲ့ရှိန်း ရည်းစားတွေဖြစ်သွားခဲ့တဲ့နောက်မှာ.... #Boy × Boy ×OC Own Creation