Prominent boy (7)
ZAWGYI ::
ကန်တင်းမှာထိုင်နေတဲ့ ငွေမှင်ရောင်(Dark Silver)ဆံပင်တွေကို နဖူးပေါ်ခပ်အုပ်အုပ်ချထားတဲ့ကောင်လေး။ကိုလာဘူးထဲကပိုက်ကို ငုံ့ကိုက်ရင်းလက်တစ်ဖက်ကလဲ ဂိမ်းကိုအသည်းအသန်ဆော့နေသည်။အဝါရောင်ရှပ်နဲ့ဂျင်းဂျာကင်တွဲဖက်မှုက ကြောင်တောင်တောင်နိုင်ပေမယ့် သေးညှက်ညှက်ထိုကောင်လေးနဲ့ကျ ပနံသင့်နေပြန်သည်။ငွေမှင်ရောင်ဆံပင်တွေကလဲသူနဲ့ကျမှ ကြည့်ကောင်းလွန်းနေသလို။မျက်ကပ်မှန်မီးခိုးရောင်ကလဲ ကြောင်တစ်ကောင်လိုစူးရှပြီးချစ်စရာကောင်းနေပြန်သည်။
"မင်း ဒူးကိုငြိမ်ငြိမ်ထားစမ်းပါ"
ပိုက်ကိုပါးစပ်ကမဖြုတ်ဘဲ ခန့်ခန့်ပလုံးပထွေးပြောလိုက်သည်။
"အဲ့တော့ငါက မင်းလိုခြေချိတ်ထိုင်ပြီး
ပဲများနေရမှာလား...""မင်းအမကိုပဲ ပဲများ အရူးကောင်
ဘုဉ်းပြည့်""ဒါနဲ့ ခုကတကယ်ပဲမင်းလား ငါက
လူစားထိုးခံလိုက်ရတယ်ထင်တာ"ဖြောင်း...
ခန့်ခန့်ဘုဉ်းပြည့်ဇက်ပိုးကိုရိုက်ချလိုက်သည်။မနက်ထဲကပြီးကိုမပြီးနိုင်ဘူး။"အား ဘာလို့ရိုက်တာလဲ စိတ်လျော့စမ်းပါ
မင်းက လူပုသလို စိတ်လက်တစ်ဆစ်နဲ့
မမပိုးသားနဲ့များကွာချက်""သူကဘာတွေများကောင်းနေလို့လဲ.."
"မင်းအမကတော်တယ်လေကွာ
သူ့မောင်ဘဲရုပ်ဆိုးကို ညချင်း
ငန်းဘဝပြောင်းပေးလိုက်တာသာကြည့်""ခွီး အာ့မိန်းကလေးတွေကိုပြောရတာဟ"
"မင်းကိုအခုဆို ကန်တင်းတစ်ခုလုံးအာရုံစိုက်နေကြပြီ"
ထိုမှခန့်ခန့်မျက်လုံးလေးကိုဝေ့ကြည့်လိုက်သည်။တကယ်ကြီးပါလား။ကန်တင်းက ကျားမမရွေးခန့်ခန့်ကိုကြည့်ပြီးတိုးတိုး တိုးတိုးနဲ့။တစ်ခါတစ်ခါ လာလာပြုံးပြနေပြန်သည်။
အခုမှလူကရှက်ရမှန်းသိကာပါးတွေပူလာသည်။အပြင်ပန်းဘဲပြောင်းလဲတာ ခန့်ခန့်လေးကအရင်လူပါပဲ ရှက်တတ်ပါတယ်လို့။
ESTÁS LEYENDO
Prominent BOY [[Completed]]
Romanceခန့်ခန့်ဆိုတဲ့ကြောင်တောင်တောင် ma ma boyလေးရယ် ရှိန်းဆက်ဆိုတဲ့ ခပ်ချေချေကောင်လေးရယ်... မတော်တဆမှုကတစ်ဆင့် ခန့်ခန့်နဲ့ရှိန်း ရည်းစားတွေဖြစ်သွားခဲ့တဲ့နောက်မှာ.... #Boy × Boy ×OC Own Creation