"မဖြေပါနဲ့အုန်း
ကျွန်တော်က မသိချင်တာမို့ ခုမဖြေနဲ့အုန်း"Sehun chanရဲ့စကားကြောင့် မှင်သက်သွားမိသည်။
မျက်လုံးဝိုင်းဝိုင်းလေးတွေက တည်ငြိမ်မှုအပြည့်နဲ့sehunကိုငေးကြည့်နေလေသည်။"ကိုယ်..."
" ဟင့်အင်း ပြီးစလွယ်မဖြေပါနဲ့အုန်း ကျွန်တော်က ကျွန်တော်ကပဲ hyung ကို..."
ဝိုင်းစက်စက်မျက်ဝန်းလေးတွေက မျက်ရည်တို့ဝေ့သီလာကာ မျက်နှာကိုငုံချလိုက်တဲ့ ခလေးကို sehunသနားလွန်းလို့ဘယ်လိုလုပ်ရပါ့...
"Chan... ကိုယ် မင်းကိုချစ်လာတဲ့အချိန်ထိ ကိုယ့်နားမှာရှိနေပေးမယ်မလား"
ပါးဖောင်းဖောင်းလေးကို အသာအုပ်ကိုင်လိုက်ရင်း သူဆိုမိတော့ chanက ခေါင်းတဆက်ဆက်ငြိမ့်ပြလေသည်။
နှုတ်ခမ်းဖူးဖူးလေးကို ဒုတိယ အကြိမ် ဖိကပ်နမ်းမိသည်။
အငိုသန်တဲ့ ကလေး ကြီး ကတော့ အနမ်းတွေကိုခံယူရင်း တရှုံ့ ရှုံ့ငိုနေဆဲ...
ပါးဖောင်းဖောင်းလေးထက် စိုရွှဲနေတဲ့မျက်ရည်တို့ကို နှုတ်ခမ်းနှင့်ပွတ်တိုက်သုတ်ပေးမိသည်။ကိုယ်ချစ်လာမှာပါ..
ကိုယ်မင်းကို မကြာခင်ချစ်လာတော့မှာပါ ...ခလေးရယ်**********************
" မျက်လုံးလေးတွေအစ်ကုန်ပြီကွာ"
လက်ချင်းတွဲထားရင်း တည်းခိုရာနေရာသို့ပြန်လမ်းတလျှောက် sehunကသာ စကားပြော နေပေမဲ့chanက တွဲထားတဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ဘာစကားမှမဆိုသလို sehunကိုလဲကြည့်မနေပါ...
" chan"
ကျောပေးကာ အိပ်နေတဲ့chanကိုယ်လုံးခပ်ပြည့်ပြည့်လေးကို ရင်ခွင်ထဲဆွဲဖက်လိုက်ကာ မျက်နှာချင်းဆုံစေလိုက်သည်။
"ဘာလို့ ငိုနေတာလဲ ခလေးရယ် ဘာကိုဝမ်းနဲနေတာလဲ ဟင် ကိုယ့်ကိုပြောလေ ကိုယ့်ကိုပြောမှသိမှာပေါ့"
"ဟင့်...ဘာမှမဟုတ်ဖူး ဒီတိုင်း ဘာလို့မှန်းမသိ ငိုပဲငိုချင်နေတာ"
တပွေ့တပိုက်ကြီး ဖြစ်နေတဲ့ chanကိုယ်လုံး လေး အဲ ကိုယ်လုံးကြီးကို ပွေ့ဖက်ထားရင်း ကျောပုတ်ကာ သိပ်ပေးနေလိုက်သည်။