ဆူးရယ် ဘာတွေများဖြစ်လို့ ph ဆက်ပြီးတောင်ငိုရတာလဲ ကိုယ့်ရင်တွေပူလိုက်တာ ဒီနေ့ကျမှ ကားလမ်းတွေက ပိုကျပ်နေသလို ကားတွေက ပိုများနေသလို ကိုယ့်ရင်တွေပူလှပါပြီဆူးရယ် .....
ဆူးပြောတဲ့နေရာကို သုစစ်ရောက်သွားတော့ ဆူးက ခုံတန်းရှည်လေးပေါ်မှာ သုစစ်ကိုကျောပေးထိုင်နေလေသည် သုစစ်ချက်ချင်းမသွားသေးပဲ ဆူးရဲ့ကျောပြင်လေးကိုငေးနေမိ၏ တစ်ချက်တစ်ချက်တုန်လာသော ကျောပြင်လေးကိုကြည့်ရင်း ဆူးငိုနေသည်ဆိုတာ သုစစ်သိပါသည်...... ဆူးရှိတဲ့နေရာကို ဖြည်းဖြည်းသွားရင်း...........
"ဆူး....."
"ကိုသုစစ်နိုင်......."
ဆူးဘာမှမပြောပဲ သုစစ်ရဲ့ ရင်ခွင်ထဲကိုတိုးရင်း ငိုနေလေ၏........ သုစစ်လဲ ဆူးရဲ့ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးရင်း..........
"တိတ်တော့ဆူး." ဟုပြောရုံမှတစ်ပါး တခြား အရာများကိုပြောနိုင်ဖို့မစွမ်းသာ..........
A little later,
"ဆူး..... ဘာဖြစ်တာလဲဆိုတာ ကိုယ့်ကို ပြောပြလို့ ရမလား "
"ကိုသုစစ်နိုင်.... လူတွေကလေ ဘာလို့ ကိုယ့်ကိုအရမ်းချစ်တဲ့လူကိုကျ မချစ်ပဲ ကိုယ့်ကို ရှိလို့ရှိမှန်းတောင်မသိတဲ့ လူကိုပဲချစ်ကြတာလဲဟင်..... "
"အင်း ဟုတ်တယ်နော်ဆူး........ ကိုလဲသိချင်မိသား.."
"ဆူး ကျောင်းပြန်တက်တော့မယ် ကိုသုစစ်နိုင် မနက်ဖြန်ကစပြီးတော့ပေါ့ "
"ဟင် ဘယ်လိုဆူးကကျောင်းပြန်တက်မယ်ဟုတ်လား "
"ဟုတ်တယ်ကိုသုစစ်နိုင် တက္ကသိုလ်ဝင်တန်းဖြေပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ရင် ကောင်းမလားလို့ အခုဆို စာမေးပွဲကြီးကလဲ သိပ်မကျန်တော့ဘူးလေ ဆူးတော့အဲ့လိုပဲစဉ်းစားတယ်"
"ကောင်းပါတယ် အခု ကိုယ်ဆူးကိုဘယ်ပြန်ပို့ပေးရမလဲ "