ဒါပေမဲ့
မင်းဘက်ကလျှို့ဝှက်နေရင်တော့ လျှို့ဝှက်ချက်ပဲဖြစ်နေဦးမှာလေ။
(နောက်ထပ်ရှေ့လျှောက်တော့ မသေချာပေမဲ့လည်း.....)Unicode
ဘယ်လိုအချိန်မျိုးမှာ မင်းကိုယ်မင်း အရူးတစ်ယောက်လို့ခံစားမိသလဲ?
ဖြတ်သွားတဲ့ဆိုင်ကယ်တစ်စီးကြောင့်ရွှံ့ရေစက်တွေမင်းကိုစင်သွားတဲ့အချိန်လား?
မင်းသေချာခန့်မှန်းထား တဲ့ရုပ်ရှင်ရဲ့plotကပြောင်းလဲသွားတဲ့အချိန်လား?
ငါကတော့.......အခင်ဆုံးသူငယ်ချင်းအပေါ်ကိုချစ်မိသွားတဲ့အချိန်ပဲ။
မင်းသူ့အတွက်ဘယ်အရာကိုမဆိုမင်းနှလုံးသာတစ်ခုလုံးနဲ့ရင်းပြီးလုပ်ပေးမယ်ဆိုရင်တောင်သူကမင်းကိုတစ်ချက်ကလေးမှလှည့်ကြည့်မှာမဟုတ်ဘူးနော်။
သူကမင်းရဲ့မနက်ခင်းတိုင်းမှာပထမဆုံးမြင်နေရတဲ့လူတစ်ယောက် ပြီးတော့ တစ်နေ့လုံးမင်းနဲ့တူတူရှိနေတဲ့လူတစ်ယောက်ဖြစ်ရင်ဖြစ်နေလိမ့်မယ်
ဒါပေမဲ့
ညတိုင်းသူ့အခန်းထဲကိုမိန်းကလေးယောက်ချင်းစီခေါ်ခေါ်လာတတ်တာကိုတော့မင်းသည်းညည်းခံရမှာပေါ့။
ဒီလိုအခြေအနေမျိုးကဘယ်လောက်ဆိုးလဲမင်းသိလား?
မင်းကိုယ်မင်းအရူးတစ်ယောက်လိုမျိုးခံစားရတဲ့အချိန်ဘယ်လောက်ပဲများများ
ရေချိုးခန်းထဲမှာကြိတ်ငိုရတဲ့အချိန်ဘယ်လောက်ပဲများများ
ဝမ်းနည်းစရားအချစ်သီချင်းတွေကြားမှာမင်းရဲ့ရှိုက်သံတွေကိုဖုံးကွယ်ထားရတဲ့အချိန်ဘယ်လောက်ပဲများတယ်ဆိုဦးတော့...
မင်းဘက်ကလိျှု့ဝှက်နေရင်တော့ လျှို့ဝှက်ချက်ပဲဖြစ်နေဦးမှာလေ။
အစိမ်းရောင်လွှမ်းနေတဲ့မင်းရဲ့အချစ်ရေးအတွက် မင်းတစ်ယောက်ထဲတိတ်တိတ်ဆိတ်ဆိတ်ပဲခံစားနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ မင်းတို့ကဒီအတိုင်းပဲ သူငယ်ချင်းအရင်းကြီးတွေမဟုတ်လား...
(နောက်ထပ်ရှေ့လျှောက်တော့ မသေချာပေမဲ့လည်း.....)
KAMU SEDANG MEMBACA
Theory Of Love (Myanmar Translation)
RomansaTheory of love Credit to jittirain English translation by summerhula (အတိအကျဘာသာပြန်ထားခြင်းမဟုတ်ပါ။ကွဲလွဲကောင်းကွဲလွဲနိုင်ပါသည်။ မှားနေတာတွေများရှိခဲ့ရင်ပြောဆိုဝေဖန်ထောက်ပြနိုင်ပါသည်။) Theory of love Credit to jittirain English t...