Part-1......
⏰တီတီ..တီတီ...တီတီ..⏰
မနက်(၄)နာရီ...
ဒီအချိန်က သူများတွေအတွက် စောလွန်းပေမဲ့ ကျနော်အတွက်ကတော့ ပုံမှန်ဖြစ်နေပါပီ...
Aww...ကျနော်ဆိုလို့ ခများတို့ကို ကျနော့်အကြောင်းလေး ပြောပြမယ်ဗျာ..
ကျနော်နာမည်က တေးထက်သာ..
အမေတစ်ခုသားတစ်ခုပေါ့ဗျာ...ကျနော့်မေမေက ဒေါ်ခင်ခင်ထက်
ဖေဖေကတော့ ကျနော်ငယ်ငယ်ထဲက ဆုံးသွားတာတဲ့ သေချာတော့မသိဘူး..ကျနော်တို့ခုနေနေတာက အနီးစခန်းမှာရှိတဲ့ အဘွားတစ်ယောက်ရဲ့ခြံမှာပေါ့...
မေမေကအာ့ဘွားဘွားရဲ့အသက်ကို ကယ်ခဲ့လို့ ပြန်ပြီးကျေးဇူးဆပ်တဲ့အနေနဲ့ သူခြံမှာပဲသူနဲ့တူတူနေခိုင်းတာလေ...
အဘွားက ပန်းစိုက်တယ် မေမေကတော့ ပန်းလည်းကူစိုက်ရင်း အဘွားအိမ်ရဲ့အိမ်ထိန်းတော်လည်း လုပ်တယ်...
အဘွားကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့သဘောဆိုလည်း ဟုတ်တယ်ပေါ့...
အဘွားကအရမ်းသဘောကောင်းတယ်ဗျ....
ကျနော့်ကိုလည်း ကျောင်းတက်ခိုင်းပြီး ကျောင်းပိတ်ရက်တွေမှာပဲ ပန်းခင်းမှာ ကူခိုင်းတယ်လေ....
ခုဆို ကျနော်လည်း ဆယ်တန်းစာမေးပွဲ ဖြေပြီးပြီ...
ဒါကြောင့် အားလပ်ရက်ကို အလဟသမဖြစ်အောင်လို့ ပန်ခင်းမှာ ဝင်ကူတယ်...
ပန်းလာယူတဲ့ သူတွေရဲ့စာရင်းတွေမှတ်ပေးရတယ်...
တစ်ခါတစ်လေ ကိုယ်တိုင်လည်း ပြင်ဦးလွင်ဈေးကြီးဆီ သွားပို့ပေးရတယ်..
ဒါတွေကတော့ ကျနော်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပါပဲ...
But ဒီနေ့တော့ မတူဘူး...
ရန်ကုန်က ဧည့်သည်တွေလာမယ်ဆိုလို့ မေမေကတော့ အစောထဲက ထပြီး ထမင်းဟင်း ချက်နေပီလေ....
YOU ARE READING
Our Love Story
Fantasyအချိုကျွေးမဲ့ fictionလေးပါဗျာ ပေါ့ပေါ့ပါးပါးလေူပဲရေးပါမယ်