Part-2
"Wow...အိမ်ကြီးက မိုက်တယ်...ဟဲ့ နှိုင်း သေဖို့ပဲတွေးမနေနဲ့ မျက်လုံးလေးဘာလေးဖွင့်ကြည့်ဦး.."ငိ အေးပါကွာ...ကိုယ့်မောင်ကို ပြောတဲ့စကား...
နွေမရဲ့ တိုက်တွန်းမှုကြောင့် ကျနော်လည်း မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်..ကားအပြင်ထွက်ကာကြည့်လိုက်တယ်...
တကယ်မိုက်တာဗျ..အိမ်ဆောက်ထားတဲ့ပုံကလည်း Romanceဆန်ဆန်လေး...အိမ်ရဲ့ဘေးမှာက ပန်းကို စနစ်တကျစိုက်ပျိုးတဲ့ ပန်းပျိုးခင်း...
အဘွားကိုတော့ တကယ်လေးစားသွားပီဗျာ..
"ဟယ်....ဟိုမှာ uke typeလေးတော့.."
"အမ်..ဘယ်မှာလဲဟ"
"ပန်းပျိုးခင်းထဲမှာလေ...နင့်သောက်လုံးကလည်း ဒီနေရာကျ ကန်းနေတယ်..."
ကိုယ်မောင်ကို ပစ်ပစ်နှစ်နှစ်ကိုပြောနေသော နွေမြင့်မိုရ်ပါလေ..
ကျနော်လည်း သူ့ကိုပြန်မပြောတော့ဘဲ ပန်းပျိုးခင်းထဲကိုသာ ကျီးကန်းဒေါက်ထောက်လိုက်ရှာမိတယ်..
တွေ့ပါပီ...လုံးဖြူပေါက်...မိနွေတို့ ဒီတစ်ခါတကယ်တော်သွားပီ..
သူလေးကို ကြည့်လိုက်မိကတည်းက ကျနော့်ဘယ်ဘတ်ရင်အုံက တဒုတ်ဒုတ်နဲ့..
"နွေ..နွေ...ငါ့ရင်ဘတ်ကို စမ်းကြည့်စမ်း..."
"အမ်...ဘာလား.."
"စမ်းကြည့်ဆိုဟာ...သောက်စကားကများနေသေး.."
"လဒလေး ကိုယ့်အမကို..."
နွေလည်း နှိုင်းရင်ဘတ်ကို စမ်းမိတော့ သူ့ပါးစပ်လေးသူပိတ်မိကာ
"အယ်တော့်...ဟဲ့ဟဲ့ နင် နှလုံးခုန်နှုန်းမမှန်တော့ဘူး..ဆေးခန်းသွားရအောင် လာလာ.."
အလိုက်မသိတတ်တဲ့အမ...ကျနော်လည်း မိနွေကို မျက်မှုန်ကြုပ်ကြည့်လိုက်ပြီး ပန်းပျိုးခင်းထဲက လုံးဖြူပေါက်ကို လက်ညိုးထိုးပြလိုက်သည်။