Our love story

403 9 2
                                    

Part-1......

⏰တီတီ..တီတီ...တီတီ..⏰

မနက်(၄)နာရီ...

ဒီအချိန်​က သူများ​တွေအတွက်​ ​စောလွန်း​ပေမဲ့ ကျ​နော်​အတွက်​က​တော့ ပုံမှန်​ဖြစ်​​နေပါပီ...

Aww...ကျ​နော်​ဆိုလို့ ခများတို့ကို ကျ​နော့်​အ​ကြောင်း​လေး ​ပြောပြမယ်​ဗျာ..

ကျ​နော်​နာမည်​က ​တေးထက်​သာ..
အ​မေတစ်​ခုသားတစ်​ခု​ပေါ့ဗျာ...

ကျ​နော့်​​မေ​မေက ​ဒေါ်ခင်​ခင်​ထက်
ဖေ​ဖေက​တော့ ကျ​နော်​ငယ်​ငယ်​ထဲက ဆုံးသွားတာတဲ့ ​သေချာ​တော့မသိဘူး..

ကျ​နော်​တို့ခု​နေ​နေတာက အနီးစခန်းမှာရှိတဲ့ အဘွားတစ်​​ယောက်​ရဲ့ခြံမှာ​ပေါ့...

မေ​မေကအာ့ဘွားဘွားရဲ့အသက်​ကို ကယ်​ခဲ့လို့ ပြန်​ပြီး​ကျေးဇူးဆပ်​တဲ့အ​နေနဲ့ သူခြံမှာပဲ​သူနဲ့တူတူ​နေခိုင်းတာ​လေ...

အဘွားက ပန်းစိုက်​တယ်​ ​မေ​မေက​တော့ ပန်းလည်းကူစိုက်​ရင်း အဘွားအိမ်​ရဲ့အိမ်​ထိန်း​​တော်​လည်း လုပ်​တယ်​...

အဘွားကျန်းမာ​ရေးကို ​စောင့်​​ရှောက်​​ပေးတဲ့သ​ဘောဆိုလည်း ဟုတ်​တယ်​​ပေါ့...

အဘွားကအရမ်းသ​ဘော​ကောင်းတယ်​ဗျ....

ကျ​နော့်​ကို​လည်း ​ကျောင်းတက်​ခိုင်းပြီး ​ကျောင်းပိတ်​ရက်​​တွေမှာပဲ ပန်းခင်းမှာ ကူခိုင်းတယ်​​လေ....

ခုဆို ကျ​နော်​လည်း ဆယ်​တန်းစာ​မေးပွဲ ​ဖြေပြီးပြီ...

ဒါ​ကြောင့်​ အားလပ်​ရက်​ကို အလဟသမဖြစ်​​အောင်​လို့ ပန်​ခင်းမှာ ဝင်​ကူတယ်​...

ပန်းလာယူတဲ့ သူ​တွေရဲ့စာရင်း​တွေမှတ်​​ပေးရတယ်​...

တစ်​ခါတစ်​​လေ ကိုယ်​တိုင်​လည်း ပြင်​ဦးလွင်​​ဈေးကြီးဆီ သွားပို့​ပေးရတယ်​..

ဒါ​တွေက​တော့ ကျ​နော်​ရဲ့ ပုံမှန်​လုပ်​ငန်းစဉ်​​တွေပါပဲ...

But ဒီ​နေ့​တော့ မတူဘူး...

ရန်​ကုန်​က ဧည့်​သည်​တွေလာမယ်ဆိုလို့ ​မေ​မေက​တော့ အ​စောထဲက ထပြီး ထမင်းဟင်း ချက်​​နေပီ​လေ....

Our Love StoryWhere stories live. Discover now