ပြန်တဲ့သူဆီ ရေးတဲ့စာ

55 3 0
                                    


တစ်ယောက်တည်း နေရတာ အသားကျပြီ ဆို
နှစ်ယောက်ဖြစ်သွားအောင် ရောက်ရာက်လာတယ်
ပျော်စရာတွေ ဖန်တီးပေးပြီး
ငါနဲ့အတူ ရယ်မောတယ်

နှစ်ရက် သုံးရက် မြင်နေရပြီးရင်
တခါ ပျောက်သွားပြန်တယ်
ငါ့ မှာသာ အထီးကျန်ခြင်း ကို
အသစ်လို ခဏခဏ နှူတ်ဆက်ရ

နေသားကျပါစေလား မတောင်းဆိုရက်ဘူး
လချီတဲ့ အလွမ်းတွေနဲ့
ပျော်ရွှင်မှုရက်အပိုင်းအစတွေ လဲနေရတာတောင်
တန်တယ်ထင်တုန်း

ကားဂိတ်ကို ခဏခဏ လိုက်ပို့မခိုင်းပါနဲ့
ဘယ်နှခါ ကျန်ခဲ့ ကျန်ခဲ့
ကျန်ခဲ့ရခြင်း ကို
အသားမကျဘူး

မရှိနေလည်း ရှိနေသလို ဟန်ဆောင်ချင်လို့
မိုင်တွေဝေးနေတာ
သတိတရဖြစ်အောင်
Express တွေ မမြင်ချင်ဘူး

အားတဲ့အခါ ဖုန်းဆက်ပါ
ငါဆီ ဆက်သွယ်တိုင်း အလုပ်တွေပိုရှူပ်တတ်လို့
ငါ ဖုန်းခေါ်ရမှာပါ မဝံ့မရဲ ဖြစ်လာတယ်
ငါ့ကြောင့် နင် မနား ရမှာစိုးတယ်

နင် နေတတ်ပါတယ်
အဆင်ပြေပါစေ
ငါ လည်း နေတတ်ပါတယ်
နေသားကျအောင် ပြန်ကျင့်နေရတာကလွဲရင်

၃လလောက် မျှော်ရပေမဲ့
၃ ရက်လောက်ပျော်ရတယ်ဆို တန်တယ်လို့
ကိုယ်ကိုယ်ကိုယ် တရားချ
နောင်တမရတတ်တာက ငါ

ဒီတခါ မမျှော်တော့ဘူး
နင် ငါ့ကို မျှော်ပါ  
တနေ့တော့
အလုပ်တွေအားရင်  လာမှာ ...။

8.6.2018
Roe Rim Phyu @ ရိုးရင်းဖြူ

Dream Island (my poems)Where stories live. Discover now