Prologue

512 42 0
                                    

//ZawGyi//


"Rosemary"

" ကျွန်​​တော့်​ နာမည်​ Kim jongin ပါဆို​နေ "

"Kim... ဘာ ရှည်​လိုက်​တာ ငါမမှတ်​မိဘူး ဒီတိုင်း rosemary ပဲ​ခေါ်မယ်​ "

"သခင်​လေး!! >< "

"Rose mary! ဥယျာဉ်​​ထဲကို သွားရ​အောင်​""

"သွားလို့မရ​သေးပါဘူး သခင်လေး။ ခုချိန်​က ​နေ​ရောင်​အရမ်းပျင်း​တော့ သခင်လေး မခံနိုင်​မှာစိုး.."

"အားး ​သိပြီ သိပြီ မသွား​တော့ဘူး ရပြီလား ><"

"သခင်လေး သမား​တော်​ Zhang အခစားဝင်​ပါတယ်​ "

သမား​တော်​ကြီး ​ရောက်​လာပြီဆို​တော့လည်း ကိုယ့်​​နေရာကိုယ်​ ပြန်​သွားရ​တော့မှာ​ပေါ့..

Jongin အသာ​လေး ​​ဆေးဗန်းကို ယူကာ သခင်​လေးရဲ့ အခန်းထဲက ထွက်​ခဲ့လိုက်​တယ်​။ အထဲမှာ​တော့ သခင်လေးနဲ့ သမား​တော်​ကြီးတို့ စကားလက်​ဆုံကျ​နေ​လေရဲ့..

"​သြော်​! Park Chanyeol လား သူက !! တကယ်! "

သူတကယ်​ပဲ ဝမ်းနည်းမိပါတယ်​။ ဘာလို့..ဘာလို့များ သူ့ကိုပဲ​ရွေးပြီး​တော့...

"ကျွန်​​တော့်​နာမည်​ကို အခုထိ မမှတ်​မိ​သေးဘူးလား သခင်လေး"

* * * *
"Rose mary"

"ဟုတ်!"

"ငါ့ကို ဟိုနားက ပန်း​လေး သွားခူး​ပေးပါလား"

သူ မျက်​​မှောင်​ကြုတ်​လိုက်​မိသည်​။ ဘယ်​နှယ့်​။ ဟိုနားက ပန်းနဲ့ ဒီ​နေရာကပန်း အတူတူပဲကို။

" သခင်လေး​ဘေးက ပန်းနဲ့ ပန်းအမျိုးအစားချင်း အတူတူပဲ​လေ"

"သွားခူးဆို ခူး​ပေါ့။ ဘာမှလာမ​ပြောနဲ့ ။ သွား..သွား.."

တကယ်​ပါပဲ။ ဒါသက်​သက်​ အနိုင်​ကျင့်​တာ။

Jongin မ​ကျေမနပ်​နှင့်​ သွားခူး​ပေးရပါသည်​။
ပန်းခူးရင်း လှည့်​ကြည့်​​တော့ သူ့ကို အနိုင်​ကျင့်​ရတာ ​တော်​​တော်​​ပျော်​​နေပုံရသည်​။ ပြုံးပြုံး ပြုံးပြုံးနင့်​ သူ့ကို လက်​လှမ်းပြ​နေ​လေသည်​။

RoseMary (Can U Remember Me Just for Today)Where stories live. Discover now