//ZawGyi//
မျက်စိရှေ့မှာ ပျာယာခတ်နေသော သူ့ကိုကြည့်ပြီး Jongin မျက်စိတွေ နောက်လာလေသည်။ မျက်စိနောက်တယ်ဆိုတာထက် ကြည့်မရတော့ဘူးဆို ပိုမှန်မယ်ထင်တယ်။
ဘယ်နှယ့် အဲ့လောက်ပြင်နေဆင်နေစရာ လိုလို့လား။
"Rose Mary! ဘယ်လိုလဲ ငါ့ပုံစံအဆင်ပြေရဲ့လား ..... "
ကြည့်ပါဦး။ ပြင်ထားလိုက်တာဆိုတာ ...
ဟိုက လာမယ့်သူက သူလက်ထပ်ရမယ့် သတို့သမီးလောင်းဆို ထားပါတော့...
ခုက သခင်ကြီးတို့ မိတ်ဆွေရဲ့သားလာမှာ။
အလကားသက်သက် လာချင်လို့လာတာတောင် မဟုတ်ဘူး... ကုန်ပစ္စည်းချင်း လဲမလို့ဆိုလား...။ထားပါ။ ဒါကျွန်တော်နဲ့မဆိုင်ဘူး။ ကျွန်တော်နဲ့ဆိုင်တာက ခု ရှေ့မှာ ဂနာမငြိမ်ဖြစ်နေတဲ့ အဲလေ အိနြေ္ဒမရဖြစ်နေတဲ့ သခင်လေး Oh Sehun!
"Rose Mary!!!! ငါမေးနေတာကြားလား။
ငါ့ပုံစံ အဆင်ပြေရဲ့လားလို့"ကြည့်!!
ထပ်ခေါ်နေပြန်ပြီ။
"ကျွန်တော့်နာမည် Rose Mary မဟုတ်ပါဘူးဆို။ Jongin ! Kim Jongin!! "
********
Byun Baekhyun တဲ့.....
လူတစ်ယောက်ဟာ အဲ့လောက်ထိ တစ်ပြိုင်တည်းမှာ ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှုလည်း ရှိနေနိုင်သလား။
ထိုသူကိုကြည့်ပြီး Jongin အလိုလိုနေရင်း သိမ်ငယ်လာရသည်။
မတော်လို့များ သခင်လေးသာ သူ့ကိုချစ်မိသွားရင်........
အတွေးနဲ့တင် Jongin ရင်ထဲမွန်းကြပ်လာရသည်။
သခင်လေးကို တစ်ချက်ငေးကြည့်မိတော့....
ပြုံးရွှင်စွာနှင့် ထိုကောင်လေးနှင့် စကားပြောနေလေသည်။
မျက်လွှာအချ မြင်လိုက်ရတာက အသေအချာ ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ...
ရစ်ဝဲစပြုလာတဲ့ မျက်ရည်အချို့ကို လွင့်စင်ပပျောက်စေကာ ရင်ထဲက နာကျင်မှုတစ်စုံတစ်ရာကို လျစ်လျူရှုထားလိုက်သည်။
YOU ARE READING
RoseMary (Can U Remember Me Just for Today)
Fanfictionပန်းလေးတွေတိုင်းမှာ သူ့ အနက်အဓိပ္ပါယ်နဲ့သူ ရှိကြတယ်တဲ့။ ဒါဆိုရင်.... Rose Mary ပန်းလေးရဲ့ အဓိပ္ပါယ်ကို သိကြလား။ Rose Mary ပန်းလေးရဲ့ အဓိပ္ပါယ်က...... ❀ ❀ ❀ ❀ ❀ Sekai (Yaoi) ပန်းလေးတွေတိုင်းမှာ သူ့ အနက်အဓိပ္ပါယ်နဲ့သူ ရှိကြတယ်တဲ့။ ဒါဆိုရင်.... Rose...