//ZawGyi//
"Rosemary!"
"ကျွန်တော့်နာမည် Kim Jongin ပါဆို >< "
*************RM****************
ညနေခင်း နေစောင်းချိန်တိုင်း ဥယျာဉ်ထဲသွားသွားထိုင်တတ်တဲ့ ကျွန်တော်။
ဒီနေ့လည်း ထုံးစံအတိုင်း ဥယျာဉ်ထဲဆင်းတော့ သူက ပွစိပွစိနဲ့ ရေရွတ်နေလေရဲ့။"Rosemary"
"Nae!"
"ငါ့ကို ဟိုနားက ပန်းလေး သွားခူးပေးပါလား"
ကျွန်တော့် အပြောကြောင့် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာတဲ့သူ။ မကျေနပ်ဘူးထင်ပါရဲ့ ။
" သခင်လေးဘေးက ပန်းနဲ့ ပန်းအမျိုးအစားချင်း အတူတူပဲလေ"
"သွားခူးဆို ခူးပေါ့။ ဘာမှလာမပြောနဲ့ ။ သွား..သွား.."
ပေစောင်းပေစောင်းနှင့် သူထွက်သွားမှ Sehun တဆစ်ဆစ် နာကျင်နေတဲ့ သူ့ရင်ဘတ်ကို ဆွဲကုပ်ထားမိသည်။
"အဟွတ် .. "
လက်ဖဝါးကို ဖြန့်ကြည့်မိတော့ ကပ်ပါလာတဲ့ သွေးစသွေးနများ...။
ကျွန်တော် တစ်ကယ်ပဲ သေရတော့မှာလား။
မရည်ရွယ်ပါပဲ သူ့ကိုလှမ်းကြည့်မိတော့ ကျွန်တော့်အား စူးစိုက်ကြည့်နေသော သူ့မျက်ဝန်းအစုံနဲ့ တိုးမိသည်လေ။
နာကျင်မှုကို မျက်ကွယ်ပြုရင်း သူ့အား လက်ဝှေ့ယမ်းပြကာ တတ်နိုင်သလောက်အားနှင့် အော်ပြောမိသည်။ အနည်းဆုံး သူ့ရှေ့မှာတော့ အမြဲတစ်စေ ပြုံးပျော်နေတဲ့သူမျိုးသာ ဖြစ်စေချင်မိသည်။ ခန့်ညားစွာနှင့် သူ့ရှေ့မှာ မားမားမတ်မတ် မရပ်တည်နိုင်ပေမယ့်လို့ပေါ့။"Rose mary! ပန်းလှလှလေးတွေပဲ ရွေးခူးနော်"
**************RM****************
ကျွန်တော် ဒီနေ့အရမ်းကို ဝမ်းသာမိတယ်။ Baekhyun hyung ရောက်လာတော့မယ်တဲ့။
အဲ့ hyung က အရမ်းခင်ဖို့ကောင်းတာ။
သူကတော့ မသိလောက်ဘူး။Hyung က သူဒီကို မရောက်လာခင် နှစ်လလောက်ကတည်းက ပြန်သွားခဲ့တာဆိုတော့။
ကျွန်တော်ထင်ပါတယ်။ သူ hyung နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာပါ။
ကျွန်တော် မရှိတော့တဲ့ နောက်ပိုင်းမှာပေါ့...။
YOU ARE READING
RoseMary (Can U Remember Me Just for Today)
Fanfictionပန်းလေးတွေတိုင်းမှာ သူ့ အနက်အဓိပ္ပါယ်နဲ့သူ ရှိကြတယ်တဲ့။ ဒါဆိုရင်.... Rose Mary ပန်းလေးရဲ့ အဓိပ္ပါယ်ကို သိကြလား။ Rose Mary ပန်းလေးရဲ့ အဓိပ္ပါယ်က...... ❀ ❀ ❀ ❀ ❀ Sekai (Yaoi) ပန်းလေးတွေတိုင်းမှာ သူ့ အနက်အဓိပ္ပါယ်နဲ့သူ ရှိကြတယ်တဲ့။ ဒါဆိုရင်.... Rose...