Chanyeolတို့Canno barကို
ရောက်တော့ မီးတောက်တွေအကုန်
ငြိမ်းကုန်ပြီဖြစ်သောကြောင့်
မီးလောင်ပြင်ထီးထီးကြီးကိုသာတွေ့ရပြီး
ထိုနေရာ၌ ပျားပန်းခတ်မျှအလုပ်ရှုပ်နေသော
ရဲအရာရှိတွေနှင့်သတင်းထောက်တွေလဲရှိသည်Sehunသည်ကား တစ်စုံတစ်ခုကို
လေ့လာနေဟန်ရှိသည်။sehunဘေးနားမှ
ရဲနှစ်ယောက်ကမူ စိတ်ရှုပ်နေသည့်ပုံပေါ်၏။
Chanyeolတို့လဲ မေးမြန်းရေးလုပ်နေသည့်
သတင်းထောက်တွေကြားမှ ရုန်းကာထွက်ပြီး
Sehunဆီအပြေးသွားလိုက်ကြသည်။" ဘာမှထိခိုက်တာမရှိဘူးမလားXun? "
" မရှိဘူး ဒီcaseမတိုင်မီကျွန်တော်က
Kimခေါ်လို့ Meetingရှိတဲ့ဆီသွားရတာ "" ဒါဆို ဒီပေါက်ကွဲမှုအကြောင်းကို
kimလဲသိပြီးပြီပေါ့ "" အင်း ကျွန်တော်ဟိုကိုရောက်ပြီး
နာရီဝက်လောက်အကြာမှာ
ပေါက်ကွဲမှုဖြစ်တာ ဒါကြောင့်
Kimကဒီမှာစစ်ဆေးဖို့ပြန်လွှတ်လိုက်တာ
သူ ခဏနေလာလိမ့်မယ် ဒါ့ထက်
ထူးခြားတာရှိနေတယ် ဒါကိုကြည့် "Sehunကပြောလဲပြောရင်း လက်ဖဝါးကို
အသာဖြန့်ကာပြလာသည်ကြောင့် သူတို့လဲ
ပြိုင်တူစူးစမ်းကြည့်လိုက်မိကြသည်။ဖောက်ခွဲခဲ့တဲ့လက်ဆွဲသေတ္တာဗုံး၌
ကြွင်းကျန်ရစ်သောအမှုန်အစတွေကယမ်းမှုန့်တွေ!!!
သုံးယောက်သား ထိုဖောက်ခွဲမှုနဲ့
ပက်သတ်တဲ့ယမ်းအမျိုးအစားကို
စူးစမ်းကြည့်ကြသော်လဲ ဘာမှန်း
သေချာမသိကြ။ထိုခဏ သူတို့ရှိရာဆီ
ရောက်ချလာသောKim jong inကြောင့်
Sehunကသူ့လက်ထဲကအမှုန်တွေကို
Jong inလက်ထဲပြောင်းထည့်ပေးလိုက်သည်။" အင်း သိပ်တော့မသေချာပေမဲ့
ဒီပလက်စတစ်ယမ်းအမျိုးအစားက
ရုရှားလုပ်ယမ်းအမျိုးအစားနဲ့တူတယ် ""ရုရှားလုပ်လား!??
နေအုံး ဒီအချက်အလက်တွေကို
Kateဆီပို့ပေးလိုက် ဆယ်မိနစ်အတွင်း
ဒီယမ်းအကြောင်းသိချင်တယ်လို့ပြော "Jong inရဲ့သတ်မှတ်ချက်အပြီးနောက်
Chanyeol၏တစ်ဆက်ထဲဆိုသလို
Sehunအားအမိန့်ပေးလိုက်သံက
ထွက်လာသည်။ထို့နောက် ဆယ်မိနစ်တောင်
မကြာသောအချိန်တွင်းမှာဘဲ Dataတွေ
ရှာပေးရတဲ့အပိုင်းမှာ တာဝန်ယူထားရတဲ့
Kateဆိုသူမိန်းကလေးဆီမှmassageက
ရောက်လာလေသည်။
KAMU SEDANG MEMBACA
Making romance with Mafia(Atthina)
Acak" ချစ်ပုံချစ်နည်းချင်းကွဲပြားပေမဲ့ ချစ်တတ်တာချင်းတော့တူတယ်!! "....... #Kaisoo #Chanbaek