သို့
ချစ်သောသူတစ်ယောက်...ကိုယ်ဟာသူတစ်ပါးကိုမှီခိုပြီးရှင်သန်နေသူတစ်
ယောက်ပါကိုယ်ဟာရိုင်းရိုင်းပြောရရင်ကပ်ပါးကောင်တစ်
ကောင်ပါ။သို့သော်....
ကိုယ်မင်းကိုတွေ့ပြီးချိန်မှာ
ကိုယ်သူတစ်ပါးအသွေးအသားကိုမစားသုံချင်
တော့ဘူးကိုယ်သူများကိုမမှီခိုချင်တော့ဘူး
မကောင်းဆိုးဝါးသာသာဘဝနဲ့လည်းမနေချင်တော့ဘူး
ကိုယ်လည်းမင်းလိုလူသားတစ်ယောက်ဖြစ်ချင်လာတယ်
ကိုယ်သာလူသားဖြစ်ခဲ့ရင်....
မင်းနဲ့အရာအားလုံးအတူတူလုပ်ပြီး
မင်းနဲ့အချိန်အားလုံးကိုအတူတူကုန်ဆုံးချင်တယ်သို့သော်
ကိုယ့်ဘဝက..........ကိုယ်အရှူးထသေးတယ်သိလား
ကိုယ်လေနေရောင်ထဲမှာထွက်ထိုင်သေးတယ်
ကိုယ့်ခန္ဓာတစ်ခြမ်းကိုစုတ်ပြတ်သွားတာဘဲကိုယ်လေသွေးမသောက်ဘဲနဲ့လည်းနေကြည့်သေးတယ်
ကိုယ်တစ်ကိုယ်လုံးကိုကိုက်ခဲနေတာဘဲကိုယ်ဟာကြောက်စရာသတ္တဝါကြီး
သွေးစုတ်တဲ့သတ္တဝါကြီး
လူသတ်တဲ့သတ္တဝါကြီးဆိုတာ
မင်းသိသွားရင်
မင်းသိသွားတဲ့တစ်နေ့....
်မင်းလည်းသူများတေလိုဘဲထွက်သွားမှာမလား
ကိုယ်လူဖြစ်ချင်တယ်...........ကိုယ်အဖြစ်ချင်ဆုံးအရာတေက
မင်းနဲ့အတူ sunset ကြည့်ချင်တယ်
မင်းနဲ့အတူလူတေကြားထဲလျောက်သွားချင်တယ်သို့သော်
အိပ်မက်သာ.........
အိပ်မက်သာ.......ကိုယ်စိတ်ဖောက်လာရင်
မင်းကိုယ်အန္တရာယ်ပြုမိမှာက
ကိုယ်အတွက်ကမ္ဘာပေါ်မှာ
တစ်ခုထဲသောကိုယ့်အကြောက်တရား....#PSH

YOU ARE READING
ရောက်တတ်ရာရာ
Non-Fictionကျွန်တော့အကြောင်း ကျွန်တော်အကြိုက်ဆုံးစကားစုတေ ကျွန်တော့အတွေးများဆီသို့ ဘာမှမဟုတ်ဘူး ခင်ဗျားလေးတို့နဲ့မျက်ခွက်ပြောင်ချင်လို့😝😝 Cover by @Cherry6104