"ကိုကြီး အရမ်း စိတ်မလှုပ်ရှားနဲ့နော် ဘာမှမဖြစ်ဘူး မေမေက သဘောကောင်းတယ် "
"အင်းပါအချစ်ရယ် "
ကောင်လေးက အိမ်ထဲ မဝင်ခင် ကျွန်တော် လက်ကို ဆုပ်ကိုင်လို့ အားပေးသွားပေမဲ့
ခုလိုကြီး မေမေယောက္ခမ က ရှေ့တည်တည်ကနေ စိုက်ကြည့်နေတော့ စိတ်မလှုပ်ရှားပဲနေမလားဗျာ😖😵
အခုက မေမေယောက္ခမ ကြီးရဲ့ရှေ့မှာ တောင့်တောင့်ကြီး မတ်တပ်ရပ်နေရခြင်း...
ကောင်လေးကလဲ ကျွန်တော်ဘေးနားမှာ ကျွန်တော် လက်ကိုတင်းတင်းလေးဆုပ်ကိုင်လို့😃
ကျွန်တော်ကိုယ်တိုင်လဲ မေမေယောက္မကြီးက ရှေ့မှာရှိတာသိပေမဲ့ ကောင်လေး လက်ကို လွှတ်မပေးမိ...
"မေမေ သားညောင်းနေပီ ထိုင်ခိုင်းတော့ဘူးလား"
"ထိုင်ကြ "
ဟူး... ကောင်လေးပြောလိုက်လို့သာ ထိုင်ရတာ...
ကောင်လေးသာ ညောင်းနေပီ မပြောဘူး ဆို ဒီတစ်သက် ထိုင်ရဖို့ လမ်းမမြင်😞"ဆိုတော့ နှစ်ယောက်သား တွဲနေတာပေါ့ "
"ဟုတ်တယ် မေမေ ကိုကြီးနဲ့ သားနဲ့ တွဲနေပီ "
"ဆယ်ဟွန်းနီး မေမေ သူ့ကိုမေးနေတာ သားကိုမေးနေတာမဟုတ်ဘူး "
မေမေက မျက်နာတည်ကြီးနဲ့မို့ ဆယ်ဟွန်းလဲ ဝင် အတွန့်မတတ်ရဲ
ဆုပ်ကိုင်ထားတဲ့ လက်ကိုသာ ပိုပီး တင်းကြပ်နေအောင် ဆုပ်ကိုင်ထားမိသည်။
ကိုကြီး ဒီလောက် စိတ်လှုပ်ရှားနေတာကို ဆယ်ဟွန်း မမြင်ဖူးသေး...
ကိုကြီး လက်တွေ အေးနေတာကို ဆုပ်ကိုင်ထားတဲ့ လက်က တစ်ဆင့် သိနေရသည်။
"ဟုတ် ကျွန်တော် ဆယ်ဟွန်းနဲ့ တွဲနေတာပါ အန်တီ"
ချန်းယောလ် အသံကို အတတ်နိုင်ဆုံးထိန်းလို့ အဖြေပေးလိုက်သည်။
ရင်တွေတုန်နေပေမဲ့ ကောင်လေးကို ချစ်တဲ့ အချစ်အပေါ်မှာတော့ ယုံကြည်မှု အပြည့်အဝ ရှိသည့်အတွက် ချန်းယောလ် မကြောက်မိ...❤
"မင်းနာမည်က "
"ပတ်ချန်းယောလ်ပါ အန်တီ "
*ပတ်ချန်းယောလ်ပါ မေမေယောက္ခမကြီး *
![](https://img.wattpad.com/cover/172253771-288-k160319.jpg)
YOU ARE READING
Stalker 🐤🐣(Complete)
Romance" မင်း နောက်က တစ်ကောက်ကောက်လိုက်မနေနဲ့ ကောင်လေး" "ကောင်လေးလို့ မခေါ်နဲ့ ဒီပျက်ရှင်ရှိတယ်" "ဟာ နောက်က လိုက်မနေနဲ့ စိတ်ရှုပ်တယ်" "မနေနိုင်လို့ပေါ့ ခင်ဗျာကြီးရဲ့"😿😿😿 "ကျစ်" "အာ့ဆို ချစ်လား"🙄🙄🙄 . . . . . . . . . ကောင်လေးကို ငါချစ်တယ် ကောင်းလေးကိုပဲ...