ချစ်သူဖြစ်သွားပီးနောက်ပိုင်း အချစ်က မနက်တိုင်း ကျွန်တော်ကို နှိုးပေးသည်။
ညတိုင်းလဲphတွေ အကြာကြီးပြောသည်💝🐣
ကျွန်တော်အိမ်ကို မနက်တိုင်း မလာတော့ပေမဲ့ ကျွန်တော် မနက်ခင်းကို သာယာစေတဲ့ အသံလေးက နေ့တိုင်းကြားနေရလေပီ❤❤
ပီးရင် သူ့ကိုသွားကြိုပီး ကျောင်းတူတူသွားမည်...။
စာကြည့်တိုက်မှာ dateလုပ်မည်... ။
လူတွေ ကွယ်တဲ့ ဝိုင်းမှာထိုင်ပီး သူကစာကြည့် ကျွန်တော်က ဘေးက ငမ်း အယ် သူကိုထိုင်ကြည့်မည်... ။
တစ်ခါတစ်လေ ကျွန်တော် စိတ်မရှည်လျှင် သူကို ပေါင်ပေါ်ဆွဲ့တင်းပီး အနမ်းပင်လယ်ဝေမည်။
ခုလဲ သူ့ကို ရင်ခွင်ထဲ ထည့်ထားပီး စာအုပ်ကို သိမ်းထားခိုင်းသည်။ စာပဲ ကြည့်နေတဲ့ အချစ်ကို မကျေနပ်ချက်နဲ့ အတင်းကို ဖက်ထားလိုက်သည်။
"ကိုကြီး ဟွန်းက ရုပ်ဆိုးသွားရင်ကော ချစ်မှာလား"
ဟော စာမကြည့်ရရင် မဝုတ်တရုတ်တွေ တွေးနေတတ်တာ... ။ အ့မို့ ခဏခဏနမ်းပေးနေတာ ပါ😇 မဟုတ်တာတွေ မတွေးရအောင်😌
"ခုရော အချစ်က ချောလို့လား"
မသိဘူး... ။ အချစ်ကို စရတာကိုကြိုက်တယ်...။
"ကိုကြီးနော်"
အချစ်စိတ်ဆိုးရင် ချစ်ဖို့ကောင်းတယ် 😇
"အမှန်ပြောတာကို "
"ဟွန်း ကိုကြီးကို စိတ်ဆိုးပီ "
ရအောင်ချော့မှာပေါ့ အချစ်ရယ်❤
"အသည်းလေးရေ အချစ်ကလေးရေ ကန်တင်းကိုသွားရအောင် ဟိုကောင်တွေရောက်နေလောက်ပီ ထ "
"ဘယ်သူနဲ့စကားပြောနေတာလဲ သူနဲ့လဲခေါ်ပဲနဲ့"
ရင်ခွင်ထဲကနေ ရုန်ထွက်ကာ သူ့စာအုပ်တွေကို သိမ်းလို့ ကန်တင်းဘက် ထွက်သွားလေရဲ့...။ ကျွန်တော်လဲ လွယ်အိတ်ကောက်လွယ်ကာ နောက်က အသာလိုက်လာခဲ့သည်။
ရှေ့ကနေ ဆက်တောက်ဆက်တောက်နဲ့ သွားနေပီး
တစ်ချက်တစ်ချက် နောက်ပြန်လှည့်လို့ မျက်စောင်းက ထိုးသေး. 🐣
YOU ARE READING
Stalker 🐤🐣(Complete)
Romantizm" မင်း နောက်က တစ်ကောက်ကောက်လိုက်မနေနဲ့ ကောင်လေး" "ကောင်လေးလို့ မခေါ်နဲ့ ဒီပျက်ရှင်ရှိတယ်" "ဟာ နောက်က လိုက်မနေနဲ့ စိတ်ရှုပ်တယ်" "မနေနိုင်လို့ပေါ့ ခင်ဗျာကြီးရဲ့"😿😿😿 "ကျစ်" "အာ့ဆို ချစ်လား"🙄🙄🙄 . . . . . . . . . ကောင်လေးကို ငါချစ်တယ် ကောင်းလေးကိုပဲ...