"ကျန်နေသေးတဲ့ ဘဝခရီးတွေ ဟွန်းတစ်ယောက်ထဲတော့ မဖြစ်တော့ပါ...
ကိုကြီး လိုက်နိုင်မလားကွာ...
အကြိမ်ကြိမ် အနုညွှတ်ပန်ကြားကာ ဟွန်းလေး မျှော်လင့်တဲ့ ဘဝတစ်ကွေ့မှာ ကိုကြီးနဲ့ အတူ မခွဲခွာ...."
ဘာကြောင်ကြည့်နေတာလဲ...
ကိုကြီးက သီချင်းနားထောင်ချင်ပါတယ်ဆိုပီး ပူဆာနေလို့..
ကိုကြီး ရင်ခွင်ထဲကနေ ကိုကြီးကို သီချင်းဆိုပြနေတာလေ😒
ကိုကြီးကလဲ ဟွန်းပုခုံးပေါ်မှီ မျက်လုံးလေးကို မှိတ်လို့ ဟွန်းရဲ့ သီချင်းမှာ နှစ်မြောနေတာ😘
အိုဆယ်ဟွန်း ဆိုတဲ့ ကျွန်တော်က ရုပ်လေးကတင် ချစ်ဖို့ကောင်းတာ မဟုတ်ဘူး 😌
အသံလေးကလဲ ချစ်စရာကောင်းတယ်😎
ပြောရရင် စွဲမက်စရာ အသံလေးပေါ့😎ကိုကြီးပြောတယ် ဟွန်းအသံကို သူအကြိုက်ဆုံးတဲ့😌
သြော်... မေ့နေတာ ကိုကြီးနဲ့ ဟွန်းနဲ့ အဆင်ပြေသွားပီ😉
ကိုကြီးက သတိပြန်ရလာလာချင်း ရှင်းပြတာလေ ချက်ခြင်း....
ဟွန်းလေးက စိတ်ပူလို့ ဆရာဝန် သွားခေါ်ပါမယ်ဆိုတာတောင် ကိုကြီးက မရဘူး😒
သူရှင်းပြတာ နားထောင်ပီးမှ ဆရာဝန်ကိုအပြေးသွားခေါ်ရတယ်...
ခုတော့ မှုန်တိုင်းကင်းဝေးတဲ့ ဟွန်းလေးနဲ့ ကိုကြီးရဲ့ ကမ္ဘာကြီးဖြစ်နေပီပေါ့ဗျာ🙃
ဘယ်သူမှ ကြားဝင်လို့မရတော့ဘူးလေ အဟင်းဟင်း😎
ဟို ကင်မီယွန်းဆိုတဲ့ မိန်ကလေးကိုလဲ ခွင့်လွှတ်ပေးလိုက်ပါတယ်...🤧
ကိုကြီးကို လူနာလာမေးရင်း တောင်းပန်လာတယ်လေ😔
ကိုကြီးက ခွင့်မလွှတ်ပေမဲ့ အဲ့မိန်းကလေးလဲ ကျောင်းပြောင်းတော့မယ်ဆိုတော့ ပြသနာကို အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ မလား?
ကဲကဲ ခု ဟွန်းလေးရဲ့ ကိုကြီးနဲ့ ချစ်ကြည်တူး တစ်တီတူးလိုက်ဦးမယ်😌
"ကိုကြီး... "
"ဗျ "
"ဟွန်းလေးကို ချစ်လား "
YOU ARE READING
Stalker 🐤🐣(Complete)
Roman d'amour" မင်း နောက်က တစ်ကောက်ကောက်လိုက်မနေနဲ့ ကောင်လေး" "ကောင်လေးလို့ မခေါ်နဲ့ ဒီပျက်ရှင်ရှိတယ်" "ဟာ နောက်က လိုက်မနေနဲ့ စိတ်ရှုပ်တယ်" "မနေနိုင်လို့ပေါ့ ခင်ဗျာကြီးရဲ့"😿😿😿 "ကျစ်" "အာ့ဆို ချစ်လား"🙄🙄🙄 . . . . . . . . . ကောင်လေးကို ငါချစ်တယ် ကောင်းလေးကိုပဲ...