အပိုင်း(၁၂)

1.3K 144 37
                                    

"You are ?"

~~~~~~~

ညနေစောင်းတော့....ပန်းခြံထဲက ခုံတန်လျားတစ်ခုပေါ်တွင်နှစ်ယောက်သား ထိုင်နေဖြစ်ခဲ့ကြသည်။ဖြစ်ပြီးသားကိစ္စတွေကြောင့်လားမသိ၊တစ်ယောက်မှ စကားမပြော၍ ငြိမ်ငြိမ်လေးတိတ်ဆိတ်စွာရှိနေကြသည်။ကျွန်တော့်ဘက်ကလည်း စတင်စကား ပြောလိုခြင်းမရှိစွာ ကန်ရေပြင်ကို ငေးကြည့်နေမိသည်။ထို့အတူ ချန်ယော်လ်သည်လည်း မိမိလိုပင် ရေပြင်ကိုကြည့်နေ၏။

နူးညံ့နေသော နှုတ်ခမ်းသားတွေရဲ့ ထိတွေခဲ့သော်လည်း ယခုတော့မူ ခြောက်ကပ်လို့နေ၏။ကန်ရေပြင်ကနေ သယ်ဆောင်လာတဲ့ လေညှင်းအေးအေးလေးတို့ကြောင့် ကိုယ့်အနားတွင်သူရဲ့ကိုယ်သင်းနံလေး ခပ်သင်းသင်းရနေသည်။တစ်ချက် တစ်ချက် ခိုးကြည့်သော်လည်း ချန်ယောလ်သည် မျက်လုံးကိုပိတ်ထား၍ သဘာဝအရသာကို စီးမျောလို့နေသည်ထင်။

ထို့အတူ ကျွန်တော်ဟာလည်း ချန်ယောလ်စီမှ အကြည့်တို့မခွာနိုင်ဖြစ်နေသည်။အထူးသဖြင့် ကျွန်တော့်ကို ရင်ခုန်သွားစေမယ့် အနမ်းတို့ရဲ့ သူ့နှုတ်ခမ်းဖူးဖူးလေးကိုပေါ့.....

~ဟာ ငါဘာတွေ စဉ်းစားနေတာလဲ ဂျောင်ဆူး မင်းကယောကျာ်းလေး တစ်ယောက်ဆိုတာလဲ စိတ်ထဲမှတ်ထားပါအူး~

အကြည့်တို့ကို လွှဲချကာ ကန်ဘက်သို့ဦ တည်လိုက်သည်။ကံကောင်းတာလားမပြောတတ် ကန်ဘောင်နားမှာ ထိုင်နေကြတဲ့ စုံတွဲတွေကို သွားမြင် ပြန်လေရော။ဆယ်ကျော်သက်တို့၏ နူးညံဖွယ် ကြည်နူးမှုတို့သည် မိမိရင်ထဲကိုတော့ ကူးစက်စေသား။အခုလည်း ဂျောင်ဆူး ပါးစပ်လေးဖွင့်ကာ သူများအတွဲတွေကို ငေးကြည့်နေလေ၏။

အပြုံး။ယခုချိန်ထိတောင် စာတစ်ခုတည်းကိုသာ လုပ်နေသော မိမိသည် ပထမဦ ဆုံးအကြိမ် အချစ်ရေးကို စဉ်းစားလာမိသောကြောင့် စိတ်လှုပ်ရှားကာ ပြုံးမိတော့သည်။ကိုယ့်လက်ကို လာဆုပ်ကိုင်ထားသလို ခံစားစေသော အသိတို့ကြောင့် တစ်ဖက်ကိုပြန်လှည့်ကြည့်လိုက်တော့ မိမိအားစိုက်ကြည့်နေသော ချန်ယောလ်နှင့် အကြည့်ချင်းဆုံသွားတော့၏။

ခံညားမှုနှင့် လေးနက်သောမျက်ဝန်းတွေ..နောက်ပြီးတော့ နှစ်သက်ဖွယ်ကောင်းလောက်အောင်ထိကို ပါးချို င့်ကြီးနဲ့အပြုံးတွေက ရုန်းမထွက်နိုင်အောင် အကြည့်တွေထဲကနေ ပိတ်လှောင်ထားခံနေရသည်။

You are...? (Complete)Место, где живут истории. Откройте их для себя