အပိုင်း(၁၅)

1.3K 142 19
                                    

"You are? "

~~~~~~~~

"လက်နှစ်စုံကိုမြဲမြံအောင်ဆုပ်ကိုင်ထားကြရင်းသူတို့နှစ်ယောက်ဟာ ဘယ်အတားအဆီးအခက်အခဲမှန်သမျှတူတူရင်ဆိုင်ကြတယ်။နောက်ဆုံးတော့သူတို့နှစ်ယောက်အချစ်တွေဟာစစ်မှန်ပြီးဖြူ စင်လွန်းလို့အခက်အခဲတွေကိုကျော်ဖြတ်နိုင်သွားကြတယ်။မင်းသားနဲ့မင်းသမီးဟာ အပြီးသတ်မှာတော့ တူတူနှစ်ယောက်တည်းနေနိုင်သွားပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုဖန်တီးရင်း အချိန်တွေကုန်ဆုံးကြလေတော့သတည်းတဲ့။ပုံပြင်လေးကတော့ ဒါပါပဲ။"

သစ်ရွက်တွေကြွေကျနေတဲ့ သစ်ပင်ကြီးအောက်ကဒန်းပေါ်မှာနှစ်ယောက်သားညနေခင်းအလှကိုခံစားနေကြသည်။ဂျောင်ဆူးက ချန်ယောလ်ပေါင်ပေါ်မှာထိုင်းရင်း ချန်ယောလ်ပြောနေတဲ့ပုံပြင်တွေကို နားထောင်နေ၏။ထွေးပွေ့နေကျသောကျွန်တော်တို့နှစ်ယောက်ကို သစ်ကိုင်းပေါ်ကတေးသီနေကျတဲ့ငှက်ကလေးတွေတောင် မနာလိုကြ၏။

"ဒါဆိုရင် မင်းသားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်နိုင်မလဲ။"

ဂျောင်ဆူးကခေါင်းလေးကိုယ့်ဘက်ကိုလှည့်လာပြ်ီး သိချင်ဇောကြောင့်လား မျက်လုံးလေးပြူးပြူးလေးနဲ့မေးလေသည်။သူ့အမေးစကားကို အရင်မဖြေပဲသူ့မေးစေ့လေးကို လက်ကလေးနဲ့မော့လိုက်ကာ ဖူးထွက်နေသော နှုတ်ခမ်းသားပေါ်သို့ အနမ်းတစ်ပွင့်ခြွေ
ချလိုက်လေရဲ့.....

*ချို မြိန်သောအနမ်း*

"မင်းသားနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အဆက်မပြတ်နမ်းနေကြရင်း ဇာတ်သိမ်းသွားပါသတဲ့....."

ဂျောင်ဆူးကလည်း ပုံပြင်ကိုသဘောကျသွားသည်ထင် နှုတ်ခမ်းလေးတွေတောင် အသဲပုံကွဲထွက်မတတ်ရယ်ပြနေ၏။မျက်စိလေးတွေမိတ်နေအောင်ထိရယ်ပြနေတာမို့လို့ ကိုယ်ရဲ့ခွေးပေါက်လေးသည် အရမ်းအူယားစရာကောင်း၍ ချစ်ဖို့ကောင်းနေခဲ့သည်။

"ဒိုဂျောင်ဆူး....!!!!...ဒါဘာလုပ်နေတာလဲ"!!

"ဟင်....တီလေး..."

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့်နှစ်ယောက်သား အသံပိုင်ရှင်ကိုကြည့်ရင်း လန့်ဖျန့်သွားကြတော့၏။သူတီလေးသည် ဘယ်ချိန်တုန်းကတည်းက ခြံဝင်းထဲပြန်ရောက်နေလည်းမသိ။အရမ်းဒေါ်သထွက်နေသာ ပုံစံနှင့်ပင်။

You are...? (Complete)Où les histoires vivent. Découvrez maintenant