Part 1

4.4K 201 5
                                    

Part 1

" ဝါး အရမ်းလှပတဲ့ ပင်လယ်ပြင်ကြီးပါ့လား Sing ငါတို့တော့ မင်းကိုကျေးဇူးတင်သွားပြီ "

Yibo ပင်လယ်ပြင်ကြီးကို ဓာတ်ပုံရိုက်နေတုန်း Singအနားကပ်လာကာ

" သဘောကျလား "

တရုတ်လိုမေးလိုက်သည်။
Yibo ပြုံးပြီးခေါင်းညိတ်လိုက်သည်။

" Sing ငါမင်းကိုဓာတ်ပုံရိုက်ပေးမယ် "

" ကောင်းပြီလေ "

"မင်းနောက်နည်းဆုတ် ...ပြုတ်လည်းကျအုန်း... "

စကားတောင်မဆုံးသေးဘူး Singto နောက်အဆုတ်လွန်ရင်း သင်္ဘောပေါ်က ပြုတ်ကျသွားသည်။

" Singto !. Sing !. "

ရေအောက်ထဲကျနေတဲ့ သတ္တာဝါကို kitကယ်ပြီး ကမ်းစပ်မှာ တင်လိုက်သည် သူရင်ဘတ်ကို နှစ်ချက်လောက် ထုလိုက်တော့ သူပါးစပ်ထဲက ရေတွေ ထွက်ကျလာသည် ကုန်းပေါ်ရောက်တော့ ကျွန်တော်ရဲ့ လှပတဲ့ အတောင်တစ်စုံက ခြေထောက်အသွင် ပြောင်းသွားသည်။ လူသားရဲ့ အပေါ်ဝတ် အင်္ကျီရှည်ကို ဆွဲချွတ်လိုက်ပြီး ယူဝတ်လိုက်သည် ပြီးတော့ လမ်းလျှောက်ကြည့်လိုက်တော့ အခြေမခိုင်သလို့ဖြစ်ပြီး ပြုတ်ကျသွားသည်။

" မင်း ဘယ်သူလဲ "

သတ္တဝါရဲ့ အသံကြောင့် သူအနားလာပြီး ထိုင်ကြည့်လိုက်သည်။

" မင်းက ဘယ်သူလဲ ငါအသက်ကိုမင်းကယ်တာလား "

ကျွန်တော်မေးတော့ ကောင်လေး ခေါင်းညိတ်ပြသည်။ ဆံပင်လေးက ရွှေအိုရောင်နဲ့ ဆံပင်ကလဲ ကျောလည်နားထိရောက်နေပြီ ဒီတောထဲမှာ ဒုက္ခရောက်နေလို့ ဆံပင်မညှက်တော့တာလား

" ငါအသက်ကိုကယ်တာတော့ ကျေးဇူးတင်ပေမဲ့ မင်းဝတ်ထားတာ ငါအင်္ကျီကြီး မပြောမဆိုနဲ့ ယူဝတ်တယ်ပေါ့. "

ကောင်လေးထပ်ခေါင်းညိတ်သည် ဘယ်လိုကောင်လေးပါလိမ့်

" ခေါင်းပဲ ညိတ်မနေနဲ့ စကားပြန်ပြောအုန်း. "

" ဟေ့ "

" ဟေ့ . "

ကျွန်တော်ပြောသလိုပဲ ကောင်လေးက ဟေ့ဆိုပြီး ပြန်ပြောသည်။

ပင်လောက်ကြီးလောက်ချစ်တယ်Where stories live. Discover now