Part 2

1.6K 147 6
                                    

Part 2

ကောင်လေးကို အိမ်ခေါ်လာခဲ့လိုက်သည် အိမ်ဆိုတာ ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ပေါင်းနေတဲ့ လုံးချင်းအိမ်ပါ ဝါသာနာတူ သူငယ်ချင်းလေးယောက် Mobile အရောင်းဆိုင် ဖုန်းပြင်ဆိုင်ဖွင့်ရင်း အတူတူနေကျတာပါ  ကျွန်တော်နဲ့ Newက ဖုန်းပြင်ပြီး Offနဲ့ က Gunက ဖုန်းရောင်းခဲ့တယ် အခုကောင်လေး ရောက်လာတော့သူအတွက် အခန်းပြင်ဆင်ပေးရတော့မှာပဲ 

"ကောင်လေး အတွက် ငါတို့ဘယ်အခန်းမှာ ထားမလဲ "

Offက

" Sing မင်းရဲ့ဧည့်သည်Yiboအခန်းနား
ထားလိုက်လေ"

" Yiboဘေးနားကစာကြည့်ခန်းလား "

" အေးလေးဒီအိမ်မှာအားတဲ့အခန်းဆိုလို့စာကြည့်ခန်းပဲရှီတော့တယ်  "

" အဲ့ဒီအခန်းက ရေချိုးခန်းမရှီဘူး   "

"ရေချိုးရင် မင်းအခန်းကိုလာချိုးခိုင်းပေါ့  "

" အင်း ရလား ကောင်လေး  "

ကောင်လေးခေါင်းခါသည်။

Gunက

" Sing မင်းကောင်လေးက အလာကြီးပါ့လား ကူလည်းကူညီရသေးတယ် ဂျီးကလည်းများသေး  "

" Gun ဧည့်သည်ကို အဲ့လို့မပြောရဘူးလေ "

" မဟုတ်ဘူးလေ ဧည့်သည်က ဂျီးများလွန်းလို့ပါ  "

ကျွန်တော်ကပဲ ကောင်လေးကို

" အစ်ကိုတို့ ပြောတာကိုတော့
နားလည်တယ် မဟုတ်လား  "

ကောင်လေး ခေါင်းညိတ်သည်။ 

" အဲ့ဒါဆို  ဘယ်လိုဖြစ်ချင်တာလဲ
နားလည်သလောက် ဖြေးဖြေးလေးပြော "

ကောင်လေး စကားပြောဖို့အားယူရင်း

" ရေ .. "

" ရေ ဟုတ်လား  "

" သူအခန်းထဲမှာ ရေချိုးခန်း ရှီစေချင်နေတာထင်တယ် မင်းဧည့်သည်က တောကတွေ့လို့ပဲ  "

New စကားကြောင့်.

" မင်းတို့ ကောင်လေးကို ကောင်းကောင်းဆက်ဆံကြပါကွာ သူသာမကယ်ရင် ငါသေနေလောက်ပြီ  "

" အဲ့ဒီတော့ အခန်းမှမရှီတော့တာ
မင်းဘယ်လိုလုပ်မလဲ Yiboက ငါတို့ဆိုင်ရဲ့
မော်ဒယ်နော် သူအခန်းကိုတော့ ဖယ်ခိုင်းလို့မဖြစ်ဘူး "

" စာကြည့်ခန်းထဲထည့်ဖို့ ဆိုဖာနဲ့ကုတင် လှမ်းမှာလိုက်မယ် ငါအဲ့အခန်းမှာနေမယ် ငါအခန်းကို ကောင်လေးပေးလိုက်မယ်  "

" ဘာ!  မင်းအခန်းက ငါတို့အားလုံးထဲမှာ အခန်းအကျယ်ဆုံးနော် မင်းအခန်းကို ငါတို့တောင် မပေးဘူး "

"ကောင်လေးကပြောတယ်လေ ရေ တဲ့ သူက ပင်လယ်ပြင်ကြီးမှာနေတော့ ရေကိုအရမ်းကြိုက်တယ်ထင်တယ် ငါအခန်းရေချိုးခန်းထဲက ရေကန်က အကျယ်ကြီးလေ ကောင်လေးအဆင်ပြေမှာပါ ... သွားရအောင် ကောင်လေး    "

ကောင်လေးကို ကျွန်တော်အခန်းလိုက်ပြပြီး ကုတင်ပေါ်ထိုင်ခိုင်းကာ

" ကောင်လေး  ဒါ ကောင်လေးအိပ်ရမဲ့နေရာပဲ ကောင်လေး ဒီနေ့ကစပြီး ဒီအိပ်ရာမှာ ဇိမ်ရှီရှီနဲ့အိပ်လို့ရပြီ  "

ကောင်လေးခေါင်းခါသည်။
ဒီလောက်အဆင်ပြေအောင် လုပ်ပေးနေတာကိုမှ ဘာကိုအလိုမကျဖြစ်နေပါလိမ့်

" မကြိုက်ပြန်ဘူးလား ကောင်လေး မင်းက တကယ်ငါသူငယ်ချင်းပြောသလိုပဲ အရမ်းပဲ ဂျီများတယ်   "

" ရေ .. "

" ရေ .. ဟုတ်လား ကောင်းပါပြီ ရေချိုးခန်းပြမယ်  "

ကျွန်တော်ကောင်လေးကို ရေချိုးတံခါးဖွင့်ပြီး ပြလိုက်သည်။

" ရေ ...  "

" အော် ... ကန်ထဲမှာ ရေမရှီလို့
  ရေတောင်းနေတာလား.  "

" ခဏနော် ရေဖွင့်ပေးမယ်.  .."

ရေပန်းဖွင့်ပြီးကန်ထဲရေအပြည့်
ဖြည့်လိုက်သည်။

" ကဲ့ တွေ့ပြီလား ရေ  "

ကောင်လေး ခေါင်းခါပြန်သည်။

" ဘာဖြစ်ရပြန်ပြီလဲ   "

ကောင်လေးလက်ကို ဆန့်ပြပြီး. ..

" ရေ... များများ   "

" အော် ရေကူးကန်လိုမျိုးလား   "

" အဲ့ဒါတော့မရှီဘူး ကောင်လေး  အစ်ကို
ဒီလဆိုင်အခြေအနေကောင်းရင် ရေကူးကန်စောင့်ပေးမယ်နော်  "

ကောင်လေး မျက်နှာမှိုင်သွားသည်။

"  မမှိုင်ပါနဲ့  အစ်ကိုအမြန်ဆုံး ဆောက်ပေးပါမယ် အခုတော့ ဒီရေချိုးခန်းလေးနဲ့ပဲ
ချိုးပါနော်  "

ကျယ်ပြန့်တဲ့ ပင်လယ်မှာနေခဲ့လို့ ရေကိုတော်တော်အစွဲကြီးနေတာလား ကျွန်တော်ရေချိုးခန်းလဲ ကျယ်ပါတယ် ဒါတောင်ကောင်လေးကမကျေနပ်ပြန်ဘူး

ပင်လောက်ကြီးလောက်ချစ်တယ်Where stories live. Discover now