Part 3
ကျွန်တော်ကရေသူထီးလေ ကျွန်တော်က ရေသတ္တဝါဆိုတော့ ညရောက်ပြီဆိုတာနဲ့
(ညနေ ၁၁နာရီထိုးတာနဲ့ ) ရေထဲမှာအိပ်ရာမှာဖြစ်သည်။ အိပ်ရာမလိုဘူး အဲ့ဒါကို ထိုသတ္တဝါတွေက အခန်းပေးမယ်တဲ့ အခန်းမှမလိုတာ ရေကန်ပဲလိုတာ ထိုသတ္တဝါပြတဲ့ ရေကန်က ကျည်းကျည်းလေး ကျွန်တော်က ရေမှာပျော်မွေ့တဲ့သူဆိုတော့ ထိုရေကန်ကျည်းကျည်းလေးမှာ ရေကူးလို့လည်း မရဘူး စိတ်ညစ်လိုက်တာ အခုဆို မိသားစုတွေလည်း စိတ်ပူနေလောက်ပြီ လွမ်းလိုက်တာ ကျွန်တော်မျက်လုံးထဲက အရည်တွေကျလာသည်။ ဘာလို့လဲ ဒါဘာအရည်တွေလဲခြိမ့်ခြိမ့်သည်း မိုးတွေရွာချလာသည်
Sinhကောင်လေးကို အခန်းထဲမှာ နားခိုင်းနေတုန်း သူငယ်ချင်းတွေနဲ့ ညစာအတွက် ဟင်းချက်နေစဉ် ရုတ်တရက် မိုးရွာချလာတာကြောင့်
" Sing နွေရာသီကြီး မိုးရွာနေပါ့လား "
Newကဆိုသည်။
" အေး New ငါ့ကောင်လေးကို သွားကြည့်လိုက်အုန်းမယ် "
" မင်းကတော့ ပိုကိုပိုတယ်နော် "
Gun စကားကြောင့် ကျွန်တော် ပြုံးပြီး
" ညစာစားဖို့ လည်း သွားခေါ်မလို့ပါကွ. "
ကောင်လေးအခန်းထဲရောက်တော့ ကုတင်ပေါ်မှာထိုင်ပြီး ငိုနေတဲ့ကောင်လေး
" ဘာလို့ ငိုတာလဲ ကောင်လေး အိမ်ကိုလွမ်းလို့လား "
ဟာ ကျွန်တော်ဘာတွေမေးမိပါ့လိမ့် ကောင်လေးက အိမ်မှမရှီတာ ပင်လယ်နားကတွေ့ တာကိုး
" ဘာဖြစ်လို့ ငိုတာလဲဟင်. "
" ရေ.. "
" ဟင် ကောင်လေးက ရေချိုးခန်းမဆောက်ပေးလို့ ငိုတာလား. "
ကောင်လေး ခေါင်းညိတ်သည်
ကျွန်တော် ကောင်လေးမျက်ရည်တွေကို သုတ်ပေးလိုက်ပြီး
" မနက်ဖြန် အစ်ကို ဆောက်ပေးမယ်နော် မငိုနဲ့တော့ "
ကောင်လေး အငိုတိတ်သွားသည်။
Yiboက ဝင်လာကာ ထူးဆန်းစွာစကားဆိုသည်။
