Part 12 မိန်းကလေး ပျောက်ဆုံးသွားပြီ (မိန်းကလေးပျောက်ဆုံးသွားပြီ)
1K 187 10
[Zawgyi]
He Xiaoruလက်ထဲက လက်နှိပ်ဓာတ်မီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရာမှ ရပ်သွားပြီ မီးအလင်းရောင်က မြေပေါ်ထိုင်နေသော လူရိပ်ထံရောက်သွားသည်။
ထိုလူရိပ်မှာ Kittyမဟုတ်ဘဲ အရေခွံမဲ့နေသော မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်နေသည်။ သူ၏ သွေးကြောများက ပေါက်ထွက်နေပြီး သူ့ထံမှ အနီရောင်အရည်များစီးကျနေသည်။
Xiaoru နှင့်ကျွန်တော် ကျယ်လောင်စွာအော်လိုက်မိပြီး အမြန်ဆုံးသောအရှိန်ဖြင့် လမ်းမဘက်သို့ ပြေးထွက်ခဲ့လိုက်သည်။ မကောင်းဆိုးဝါး၏ ငိုသံက ကျွန်တော့နားထဲသို့ ဝင်ရောက်လာသည်။ "အစ်ကို Kittyကို ရှာပေးမယ်လို့ ကျွန်မကို ကတိပေးထားတယ်လေ။!"
ကျွန်တော်ပို၍မြန်မြန်ပြေးလိုက်သည်။ ကျွန်တော် ခြံဝန်း၏အရှေ့ဘက်အဆုံးကို ရောက်သည်နှင့် ကျွန်တော်လမ်းမပေါ်လဲကျသွားပြီး ကျွန်တော့ခေါင်းမှ သွေးများစီးကျလာသလို ခံစားလိုက်ရသည်။
လမ်းပေါ်မှ အလင်းရောင်များက မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး ကျွန်တော်အိပ်မက်ဆိုးမက်နေသလို ခံစားနေရသည်။ ကျွန်တော့တစ်ကိုယ်လုံးနာကျင်နေသည်။ သွေးများက ကျွန်တော့မျက်လုံးထဲဝင်သွားသောကြောင့် ကျွန်တော်အကြိမ်ပေါင်းများစွာကြိုးစားသည့်တိုင်အောင် မျက်လုံးမဖွင့်နိုင်တော့ပေ။
အပြာရောင်နှင့် အနီရောင်မီးအလင်းက တစ်လှည့်စီလင်းနေသည်။ ကျယ်လောင်သောအသံတစ်ခုကို ကြားနေရသော်လည်း ဘာသံမှန်းကျွန်တော် မခွဲခြားနိုင်တော့ပေ။
ကျွန်တော့်မြင်ကွင်းမှာဝါးလာပြီး ကျွန်တော့ပတ်ဝန်းကျင်မှ ဆူညံသံများက ကျယ်လောင်သထက်ပို၍ ကျယ်လောင်လာသည်။ ကျွန်တော့ကိုတစ်ယောက်ယောက်က မယူလိုက်သည်ကို ခံစားမိသောလည်း သေချာသည်ကတော့ ကျွန်တော်မပြေးနိုင်တော့ပေ။
ကျွန်တော့်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ရင်းနီးနေသော အသံတစ်သံနှင့်အတူ ကျွန်တော်သတိရလာသည်။ "ခင်ဗျားနိုးလာပြီလား?"
ကျွန်တော့မျက်လုံးများကို ကြိုးစားဖွင့်ကြည့်လိုက်သည်။ ကျွန်တော်က ခုတင်တစ်ခုပေါ်တွင် လှဲလျောင်းနေခြင်းဖြစ်ပြီး အပြင်ဘက်တွင် နေသာနေသည်ကို တွေ့လိုက်ရသည်။ Wu Jian က ကျွန်တော့ဘေးတွင်ထိုင်ကာ စီးကရက်သောက်နေသည်။