Part-3

311 32 7
                                        

"ဟင်...Hoseok?!မင်း Hoseokမဟုတ်လား??"

hoseok တစ်ယောက် sofaပေါ်တွင် ခြေထောက်ချိတ်ကာ ထိုင်လိုက်ပြီး ဘေးမှ ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းထက် ခဲလိုက်သည်။ မီးခြစ်ဖြင့် ဆေးလိပ်မီးညှိလိုက်ပြီး ဆေးလိပ်ငွေ့အချို့ကို မျက်လုံးမှိတ်ကာ ရှိုက်ဖွာလိုက်သည်။

"ငါ့ မှတ်မိသေးတယ်ပေါ့..."

"ဟာ...Hoseok!!!!" ဟုအော်ရင်း ဆိုဖာပေါ်ရှိ hoseokအား ပြေးဖက်လိုက်သည်။

Hoseokလည်း တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်လိုက်ပြီး ခနကြာမှ ခန္ဓာကိုယ်နှစ်ခုကို ခွာလိုက်ကြတော့

"မင်းကို သတိရနေခဲ့ရတာကွ!!မင်း တော်တော်ဆိုးတာပဲ မင်းအိမ်က ထွက်သွားတယ်ဆို!? ငါတို့အဆောင်လည်း ပြန်မလာဘူး ဒီတစ်နှစ်လုံး မင်းဘယ်လိုတွေ ဖြစ်သွားတာလဲ??"

"ဖြည်းဖြည်းပြောပါကွာ...။မင်းကို ကြည့်ရတာ မသက်သာလိုက်တာ...။ ဒီအကြောင်းတွေကို နောက်မှပြောပြမယ်...။ မင်းကော Jiminကော ဒီညနေ အဆောင်မပြန်ကြနဲ့တော့။ ဒီပဲ တန်းလာခဲ့လိုက်ကြ။"

"ဟာ...ဘယ်ဖြစ်မလဲ ဒါက ငါတို့ Hotelလေ...။ပြီးတော့ ငါတို့မှာ အင်္ကျီအဝတ်အစား အပိုလည်း ပါမလာဘူး။"

"အင်္ကျီ အပိုမပါတာများကွာ...။ ရေးကြီးခွင်ကျယ် လုပ်လို့...။ ငါ့မှာ အင်္ကျီ တွေ အများကြီးရှိပါတယ်။ တစ်ကယ်လို့ မင်းတို့မကြိုက်လို့ ရှိရင်တောင် ငါတို့ အသစ်သွားဝယ်ကြမယ်လေ...ဘယ်လိုလဲ?" Hoseok ဟု မျက်ခုံးပင့်ကာ ပြောလာသည်။

သည်တော့မှ Taehyungလည်း သူ၏မေးစေ့ကို လက်ဖြင့် ပွတ်ကာ တစ်ခုခုကို စဉ်းစားနေလေသည်။

'အိမ်းးးးဒါက အင်္ကျီအသစ်ရမယ့် ဂွင်ပဲ...။ ဟိုဝက်ပုလည်း ဒီအခွင့်အရေးကို လက်လွှတ်ချင်မယ်မထင်ဘူး...။ တစ်ရက်လောက် လာနေလိုက်လည်း ကိစ္စမရှိပါဘူးလေ' ဟုတွေးရင်း ပြုံးဖြီးကာ...

ဟီးဟီးး...အမှန်တော့လေကွာ... ငါတို့Hotelမှာ ငါတို့ပြန်နေလို့ မရဘူးထင်တာပဲ...။ ဒါပေမယ့်လေ သေချာပြန်စဉ်းစားကြည့်လိုက်တော့လည်း ၁ရက်လောက်တော့ နေလို့ရချင်ရမှာပါ။ပြီးတော့လည်း မင်းနဲ့ ငါတို့ဆိုတာကလည်း သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေလေ...ဟုတ်တယ်မလား?"

"ဒါပေါ့...ဒါပေါ့..."

မိမိအဆံကုန်မည့်အရေးကို ကြိုမမြင်နိုင်သေးသည့် Hoseokတစ်ယောက်မှာတော့ ကုန်ပေါက်ကို 'ဒါပေါ့'ဟူ၍ပင် လိုက်လံထောက်ခံနေလေသည်။

"အိမ်း...အဲ့သလို ဆိုတော့ကာ...ငါတို့ကပဲ အဆူခံ ၊ အဟောက်ခံ ၊အနစ်အနာခံပြီး မင်းနဲ့ ၁ရက်လောက်တော့ နေပေးပါ့မယ်။ မင်းကို မတွေ့ရတာကြာတော့ လွမ်းနေတာလည်း ပါတာပေါ့ သူငယ်ချင်းရာ...။"

"အေးပါကွာ...စိတ်ချပါ မင်းတို့အဆူမခံရအောင် ငါကူပြောပေးပါ့မယ်။ ဒါနဲ့... မင်းတို့ကဘယ်အချိန် အလုပ်ကဆင်းရမှာလဲ?"

"8:30 မဟုတ်ရင် 9:00လောက် ဆင်းဖြစ်မယ်...ထင်တာပဲ။"

"ဟာ...'မဟုတ်ရင်'တွေကော၊ 'ထင်တာပဲ' တွေကော...၊ မင်းမှာ သေချာတာ ဘာရှိလဲ???"

"ဟီးဟီး ဘာမှတော့ မရှိဘူး"

"ထားပါတော့ ငါ8:30ကျ phဆက်လိုက်မယ်။မင်းတို့ အလုပ်ဆင်းတဲ့အခါ မင်းတို့ဂျာကြီးကို ပြောပေးမယ်။"

"အင်းကောင်းတယ်။ အခုတော့ ငါအလုပ်သွားလုပ်ရအုံးမယ်"

"okay okay သွားတော့ အလုပ်ကြိုးစားအုံး"


You've reached the end of published parts.

⏰ Last updated: Mar 05, 2020 ⏰

Add this story to your Library to get notified about new parts!

Tourist Guide {Desist}Where stories live. Discover now