အပိုင်း (၂)

1.2K 24 1
                                    

ဆေးရုံကို မြန်​မြန်​သွားဖို့ ​လော​နေတာနဲ့ဘဲ ​ကော်​ဖီဆိုင်​နား​လောက်​ အ​ရောက်​မှာ လူတစ်​​ယောက်​နဲ့တိုက်​မိလိုက်​တယ်​။ကိုယ့်​ဘက်​က သူ့ကို မမြင်​ဘဲနဲ့
ဝင်​တိုက်​မိလိုက်​တဲ့အတွက်​ ကိုယ့်ဘက်က​ဘဲ အရင်
တောင်းပန်​လိုက်​တယ်​။

"​တောင်းပန်​ပါတယ်​ မမြင်​လိုက်​မိလို့ပါ ခင်​ဗျာ "

တောင်းပန်​ပြီး အ​ပေါ်ကို ​မော့ကြည့်​လိုက်​တဲ့အချိန်
တိုက်​မိလိုက်​တဲ့လူက ကိုယ့်​ကို စူးစူးစိုက်​စိုက်​ကြီးကို ကြည့်​​နေတာ လိပ်​ပြာလွင့်​မှာ​တောင်​ ​ကြောက်​ရတယ်​။

လူကို ကြည့်​​နေတဲ့အကြည့်​ကြီးက ​ကြောက်​စရာ​ကောင်းလိုက်​တာ မမြင်​ဖူးတဲ့လူတစ်​​ယောက်​ကို
အခုမှမြင်​ဖူးလို့ စူးစူးစိုက်​စိုက်​ကြီးကို ကြည့်​​နေတာ
ကြောက်​ဖို့​ကောင်းလိုက်​တာ ရင်​​တောင်​တုန်​တက်​သွားတယ်​။

သူ့ကို မြန်​မြန်​ဘဲ​တောင်းပန်​ပြီး​တော့ ​ဆေးရုံကို
အ​ပြေး​လေးထွက်​လာလိုက်​တယ်​။ကြာရင်​ သူ့အကြည့်​​ကြောင့်​ ကိုယ့်​ပြာကျသွားနိုင်​တယ်​​လေ။

အင်း တစ်​​နေ့လုံး ​လျောက်​လည်​မယ်​ဆိုပြီး ထွက်​လာလိုက်​တာ ဗိုက်​က ဆာလာတာနဲ့အနီးအနားက
ကော်​ဖီဆိုင်​တစ်​ဆိုင်​ကို ၀င်​ထိုက်​လိုက်​တယ်​။

အဆာ​ပြေစားပြီး အပြင်​ကို ပြန်​ထွက်​လာတဲ့အချိန်
ကောင်​​လေးတစ်​​ယောက်​နဲ့ တိုက်​မိလိုက်​တယ်​။

စိတ်​က​ထောင်းခနဲ တိုသွားတယ်​။မနက်​​စော​စောစီးစီး
လူလာတာကို မမြင်​ဘူးလားမသိ

ပြန်​​ပြောမယ်​ဆိုပြီး ​ခေါင်းကို ​မော့အကြည့်​ ​ကောင်​​လေးတစ်​​ယောက်​ကို ​တွေ့လိုက်​တယ်​။အဲ့​ကောင်​​လေးက​လေ အရမ်းချစ်​စရာ​ကောင်းတာဘဲ

မျက်​လုံး​လေးက ၀ိုင်းစက်​ပြီး ​တောက်​ပ​နေတာဘဲ
နှ​ခေါင်း​လေးကလည်း ဖူးဖူးလုံးလုံး​လေးနဲ့ဆွဲညစ်​ပစ်​ချင်​လိုက်​တာ နှုတ်​ခမ်း​လေးကလည်း ပန်းရောင်​​လေးကို သန်းလို့
မင်းက ဘာ​ကောင်​​လေးလဲ ဒီ​လောက်​ချစ်​စရာ​ကောင်း​နေတာ

နှလုံးသား ​စေရာ Where stories live. Discover now