သူ ပိုင်ဆိုတဲ့ကောင်လေးတို့ ထွက်သွားတာကို
ရပ်ပြီးတော့ ကြည့်နေဖြစ်တယ်။ကောင်လေးခေါ်လိုက်တဲ့ ကိုအောင်ဆိုတဲ့ နာမည်ကိုလည်း မကြိုက်ဘူး။ကောင်လေးကို ပိုင်လေးလို့
သူမဟုတ်ဘဲ တစ်ခြားသူကခေါ်တာကိုလည်း သဘောမကျဘူး။ကိုယ့်ကဘဲ ကောင်လေးကို ပိုင်လေးလို့ခေါ်ချင်တာ
တစ်ခြားသူက ကောင်လေးကို အဲ့လို့မျိုးခေါ်ရင် မကြိုက်ဘူး။ထွက်သွားတဲ့ နှစ်ယောက်နောက်ကို ဖြေးဖြေးချင်နောက်ကနေ လိုက်သွားမိတယ်။
သူတို့ကန်တင်းမှာ ထိုင်ပြီး ထမင်းစားနေတော့ ကိုယ့်ကလည်း သူတို့ရဲ့တစ်ခုံကျော်လောက်မှာ ၀င်ထိုင်ပြီး
သူတို့ကို ထိုင်ကြည့်နေဖြစ်တယ်။ကောင်လေးရဲ့ရှေ့က ထိုင်နေတဲလူကို ရယ်ပြနေတာကိုလည်း မကြိုက်ဘူး။
ကောင်လေးနားမှာ ထိုင်နေတဲ့ ဟိုလူကိုလည်း
သဘောမကျဘူး။သူ တစ်ဖြေးဖြေးနဲ့ စိတ်တွေတိုလာတယ်။ကောင်လေးရဲ့ ဆံပင်လေးတွေကို ဟိုလူက လှမ်းလည်း ဖွလိုက်ရော
သူ "၀ုန်း "ဆိုပြီး မတ်တပ်ထရပ်ပစ်လိုက်မိတယ်။
လူတွေက သူကို ၀ိုင်းကြည့်နေကြတယ်။အသံအရမ်းကျယ်သွားလို့ ဖြစ်မယ်။အရင်တုန်းက ပုံစံအတိုင်း
သာဆိုရင် ဒီလိုအရာတွေကို သူ ဂရုစိုက်နေမှာမဟုတ်ဘူး။ဒါပေမဲ့ ကောင်လေးက သူ့ကို လှမ်းကြည့်နေတယ်။ ကောင်လေးရဲ့ရှေ့မှာတော့
သူ့ကို လူကောင်းတစ်ယောက်အဖြစ်နဲ့ဘဲ မြင်စေချင်မိတယ်။သူ နောက်တော့ ထွက်သွားဖို့ဘဲ ပြင်လိုက်တယ်။အပြင်ရောက်တော့ ဖုန်းထုတ်ပြီး ဇဆီကို ဖုန်းဆက်လိုက်တယ်။
"ငါ လူတစ်ယောက်အကြောင်း သိချင်လို့ ..........."လို့ ပြောပြီး ဖုန်းချလိုက်တော့တယ်။
YOU ARE READING
နှလုံးသား စေရာ
Romanceမင်းကို ငါပိုင်တာ ငါ့ဆီကနေဘယ်သူမှလုယူပိုင်ခွင့်မရှိဘူး။မင်းက ငါတစ်ယောက်တည်းအတွက် သီးသန့်မွေးဖွားလာတဲ့သူဘဲ သွေးစက် ငါနဲ့အရာရာ အကုန်တူတဲ့လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ သျှားခန့်ပိုင် ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖...