အပိုင်း (၆)

591 20 0
                                    

မျက်​လုံးနှစ်​လုံး ပွင့်​လာတဲ့အချိန်​မှာဘဲ ကိုယ့်​မျက်​နှာ​ပေါ်မှာ ကိုယ့်​ကို ကြည့်​​နေတဲ့ လူတစ်​​ယောက်​ကို မြင်​လိုက်​ရတယ်​။

သူ့ကို ပြူးပြီးကြည့်​​​နေမိတယ်​။ဘာလုပ်​​နေတာလဲဆိုပြီး

သူ့ကလည်း ကိုယ့်​ကို​ကြောင်​ပြီး​တော့ ကြည့်​​နေတယ်​။အင်း ​ပြောရမယ်​ဆို တစ်​မိနစ်​​လောက်​ကြာတယ်​။အကြည့်​ချင်းဆုံး​နေတာ ​နောက်​​တော့ သူ့က အ​နောက်​ကို ဆုတ်​သွားပြီး ရှက်​ကိုးရှက်​ကန်​နဲ့ စကားလှမ်း​ပြောတယ်​။

"အင်း အာ ဟို လမ်းမှာ ​မေ့လဲ​နေတာ​တွေ့တာနဲ့ ​ခေါ်ခဲ့လိုက်​တာ ညီ ကိုယ့်​ကို​တော့ မှတ်​မိပါတယ်ေ​နာ်​"

"အင်း မှတ်​မိပါတယ်​ အကို ဟိုတစ်​ခါ ​မေ့လဲတုန်းက ကျွန်​​တော်​ကို ​ဆေးရုံ​​ခေါ်ခဲ့​ပေးတာ အကို မဟုတ်​လား "

အာ ၀မ်းသာလိုက်​တာ ညီက ကိုယ့်​ကို မှတ်​မိတယ်​တဲ့

"ညီ ခဏခဏ​ဆေးရုံ​ရောက်​​နေတယ်​​နော်​ ဂရုစိုက်​ပါအုံး ညီရယ်​ အချိန်​မှန်​အိပ်​ အချိန်​မှန်​စား "

ဘာလား ဒီဘဲကြီး လူတိုင်းကို အဲ့လို့လိုက်​ကြင်​နာ​နေတာလား

သူ့နဲ့သိပ်​ပြီး မသိတဲ့လူကို ဂရုစိုက်​ရတာ သူ့ဝါသနာလားမသိ

အာ အဲ့ဒါ ငါ့နဲ့ ဘာဆိုင်​လို့လဲ သူ့ဟာသူ ဘယ်​သူ​တွေကို ဘယ်​လိုဂရုစိုက်​စိုက်​မစိုက်​စိုက်​ ငါ့နဲ့ဘာမှကိုမဆိုင်​တာ

"အာ ညီ နား​ထောင်​​နေရဲ့လား ကိုယ့်​​ပြောတာ နားညီးလို့လား ဟင်​ ညီ "

သူ​ပြောတာ​တောင်​ ဘာမှန်းမသိလိုက်​ဘူး
ကိုယ့်​ဘာကိုယ့်​ အ​တွေး​တွေနဲ့ရှုတ်​​နေတာ

ဘာလို့မှန်းမသိ သူ အဲ့လို့ ကိုယ့်​ကို စိုးရိမ်း​နေတာကို
စိတ်​ထဲမှာ ၀မ်းသာ​နေမိတယ်​။

သူ့က ကိုယ့်​အ​မေနဲ့တူတယ်​။အ​မေဆုံးပြီးထဲက ကိုယ့်​ကို အဲ့လို့ဂရုစိုက်​​ဖေမ​ပေးမယ့်​သူမရှိလို့လားမသိ သူ့အဲ့လို့ ဂရုစိုက်​​ပေးတာကို
ကိုယ့်​​ပျော်​​နေတယ်​။

နှလုံးသား ​စေရာ Where stories live. Discover now